Border News Agency
မိုးကုတ်၊ အောက်တိုဘာ ၁၆။
မိုးကုတ်မြို့နယ်၊ ညောင်ကုန်းထက်ကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းမှ ပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာလ ၁၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီညောင်ကုန်းထက်ကျေးရွာကို ဒီနေ့ မနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကြက်မွေးမြူးရေးခြံ ပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီနမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့သလို ကလေးငယ်အပါအဝင် အရပ်သား လေးဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် နွားနှစ်ကောင်သေဆုံးကာ ဆိုင်ကယ်ခြောက်စီးကလေးမူကြိုကျောင်းအပါအဝင် နေအိမ်ရှစ်လုံးပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေဟာ စစ်ကော်မရှင်လေကြောင်းရန်ကို ရှောင်နိုင်ဖို့စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။






