Border News Agency
မကွေး၊ အောက်တိုဘာ ၁၆။
အာရက္ခ – ပဲခူးတိုင်းအစပ်၊ အာရက္ခ – မကွေးတိုင်းအစပ်၊ အာရက္ခ – ဧရာဝတီတိုင်းအစပ်မှာ စစ်ကော်မရှင်တပ်ထိုးစစ်တွေကို အာရက္ခတပ်တော်ရဲ့အကောင်းဆုံးခံစစ်တွေနဲ့အတူတန်ပြန်ထိုးစစ်တွေ ဟန်ချက်ညီဆင်နွှဲနေတယ်လို့ အောက်တိုဘာလ ၁၅ ရက်၊ မနေ့က အာရက္ခတပ်တော်(AA)ထုတ်ပြန်ပါတယ်။
အဲဒီအာရက္ခ – ပဲခူးတိုင်းအစပ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ)ကျေးရွာတောင်ဘက် ကိုးကီလိုမီတာအကွာရှိခြောက်သုံးလုံးပွိုင့်ကုန်းကို အောက်တိုဘာလ ၁၄ ရက်နေ့က အာရက္ခတပ်တော်အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီအာရက္ခ – ပဲခူးဝင်ပေါက်၊ ထွက်ပေါက်ဖြစ်တဲ့ တောင်ကုတ်မြို့နယ်ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့က အာရက္ခတပ်တော် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဲဒီအပြင်အာရက္ခ – မကွေးတိုင်းအစပ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ဖို့ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသလို ထွတ်ပြေးနေကြတဲ့ စစ်ကော်မရှင်တပ်နဲ့နေရာတချို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်အာရက္ခ – မကွေးတိုင်းဝင်ပေါက်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကိုပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
နောက်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်၊ စက်စက်ယိုကျေးရွာအနီးမှာ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အဲဒီအာရက္ခ – ဧရာဝတီဝင်ပေါက် ဂွမြို့ နယ်တခုလုံးကို ပြီးခဲ့တဲ့ခုနှစ်၊ ဒီဇင်ဘာ လ ၂ ၉ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းကို ဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့စခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်တွေအပါအဝင် မြို့တချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသလို နောက်ထပ်စခန်းတွေ ထပ်မံလက်လွှတ်မဆုံးရှုံးရစေရန်အတွက် ထိုးစစ်ခံစစ်တွေနေရာအနှံ့အပြားမှာ ဆင်နွှဲနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ကြားနှစ်ဖက်ရင်ဆိုင်ထားတဲ့နေရာတွေမှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဆက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကိုအပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခ – ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ အာရက္ခ – အိန္ဒိယနယ်စပ်အပါအဝင် အာရက္ခ – ပဲခူးတိုင်းအစပ်၊ အာရက္ခ – မကွေးတိုင်းအစပ်၊ အာက္ခ – ဧရာဝတီတိုင်းအစပ်ကိုလည်း အပြီးသတ်ထိန်းချုပ်ထားပါတယ်။







Comments 1
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.info/cs/register-person?ref=OMM3XK51