Border News Agency
စစ်တွေ၊ အောက်တိုဘာ ၂၈။
ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ(MONT HA)” ဖြစ်ပေါ်နေလို့ ရခိုင်မှာမိုးသက် လေပြင်းတွေကျရောက်နိုင်တယ်လို့ မိုး လေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်းဟာ အောက်တိုဘာလ ၂၈ ရက်၊နေ့လယ် ၃နာရီခွဲအချိန်မှာ မြောက်အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီးအိန္ဒိယနိုင်ငံ၊အင်ဒရာပရာဒေ့ရှ်က မ်းခြေကို ၁၂နာရီအတွင်း ဖြတ်ကျော်နိုင်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
မုန်တိုင်းမွန်ထာရဲ့ ဗဟိုဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်ဘက် ရေ မိုင် ၆၃၀ ခန့်အကွာမှာတည်ရှိနေပြီး ရခိုင်အပါအဝင် မြန်မာနိုင်ငံရဲ့ အနော က်ခြမ်းပင်လယ်ပြင်မှာ မိုးသက်လေပြင်းအခြေအနေတွေ ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ရခိုင်နဲ့မြစ်ဝကျွန်းပေါ်အနီး ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက် လေပြင်းတွေကျရောက်ပြီး လှိုင်းအမြင့် ကိုးပေမှဆယ့်တပေထိရှိနိုင်တယ်လို့မိုးလေဝသဌာနက သတိပေးထားပါတ ယ်။
ရခိုင်၊မွန်၊ကရင်နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာ မိုးတိမ်တောင်တွေအား ကောင်းဖြစ်နေပြီးမိုးရွာသွန်းတာ၊ လေ ပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်လို့ ဒေသခံတွေ သတိ ပြုဖို့လည်းတိုက်တွန်းထားပါတယ်။
ရခိုင်၊မွန်၊ကရင်နဲ့တနင်္သာရီမှာ နေရာကျဲကျဲမှနေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်မှာရွာရန်ရာနှုန်းရှစ်ဆ ယ်၊မန္တလေးမှာ ရွာရန်ရာနှုန်းခြောက်ဆယ်လို့လည်း ခန့်မှန်းထားပါတယ်။
ပင်လယ်ပြင်ရေလုပ်သားတွေဟာ မုန်တိုင်းအကျိုးသက်ရောက်နိုင်တဲ့အတွ က် ပင်လယ်ပြင်သို့ ငါးဖမ်းသွားရောက်တာရှောင်ကြဖို့လည်း မိုးလေဝသနဲ့ ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနက သတိ ပေးထားပါတယ်။






