Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၂၈။
ရခိုင်ဟာ အလုပ်လက်မဲ့နှုန်းမြင့်မားပြီး လုပ်သားပါဝင်မှုနှုန်းမှာ တနိုင်ငံလုံးအနိမ့်ဆုံးဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ၂၀ ၂၄ ခုနှစ်၊ သန်းခေါင်စာရင်းက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပျမ်းမျှအလုပ်လက်မဲ့နှုန်းမှာ ၀.၇ ရာခိုင်နှုန်းသာရှိပြီး ရခိုင်မှာအလုပ်လက်မဲ့နှုန်းဟာ ၄.၆ ရာခို င်နှုန်းထိ မြင့်မားနေတယ်လို့ ဆိုပါတယ်။
ချင်းပြီးရင် ရခိုင်ဟာတနိုင်ငံလုံးမှာ ဒုတိယအမြင့်ဆုံးအလုပ်လက်မဲ့နှုန်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုအလုပ်လက်မဲ့နှုန်း မြင့်မားနေတာဟာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာမှုတွေ၊ စီးပွားရေးအခက်အခဲတွေကို မီးမောင်းထိုးပြနေတာနဲ့တူတယ်လို့ ဆိုပါတယ်။
“ဒီနှုန်းထားတွေဟာ ရခိုင်မှာ တကယ်တမ်းအလုပ်အကိုင်ရဖို့ ဘယ်လောက်ခက်ခဲနေသလဲဆိုတာကို ပြသနေတာပါ။ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ မဝင်လာသလို ရှိရင်းစွဲ လုပ်ငန်းတွေကလည်း ရပ်ဆိုင်းနေရတဲ့အတွက် လူငယ်တွေဟာ စီးပွားရေးအရ အရမ်းရုန်းကန်နေရပါတယ်။”လို့ ကျောက်တော်ဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီလုပ်သားပါဝင်မှုအချိုးတနိုင်ငံလုံးမှာ အနိမ့်ဆုံးအလုပ်လက်မဲ့နှုန်းမြင့်မားမှုအပြင် အရွယ်ရောက်ပြီးသူ လူဦးရေဟာ အမှန်တကယ်အလုပ်လုပ်ကိုင်သူပါဝင်တဲ့အချိုး (၁၅ နှစ်နဲ့အထက်)ကို ကြည့်ရင်လည်း ရခိုင်ဟာတနိုင်ငံလုံးမှာအနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီသန်းခေါင်စာရင်းအချက်အလက်တွေအရ ရခိုင်မှာလူဦးရေရဲ့ ၂၁.၈ ရာ ခိုင်နှုန်းသာ အလုပ်လုပ်ကိုင်လို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတနိုင်ငံလုံးဆိုင်ရာ ပျမ်းမျှအလုပ်လုပ်သူ ပါဝင်မှုအချိုးဟာ ၄၇.၂ ရာခိုင်နှုန်းရှိနေချိန်မှာ ရခိုင်ရဲ့ ၂၁.၈ ရာခိုင်နှုန်းက ဒေသတွင်းစီးပွားရေးတိုးတက်မှုနှုန် နှေးကွေးတာ၊ လုပ်သားအင်အား လျော့နည်းသွားတာကို ရှင်းရှင်းလင်းလင်းပြသနေတာနဲ့တူတယ်လို့လည်း ဆိုကြပါတယ်။
မြန်မာနိုင်ငံရဲ့ လုပ်သားအင်အားပါဝင်မှုနှုန်းဟာ ၄၇.၅ ရာခိုင်နှုန်းသာရှိပြီး အမျိုးသား ၆၃.၈ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၄.၁ရာခိုင်နှုန်းကြား လုပ်သားပါဝင်မှုက ကျား၊ မ ကွာဟမှု မြင့်မားနေကြောင်းလည်း သန်းခေါင်စာရင်းမှာဖော်ပြထားပါတယ်။
အဲဒီအပြင် အလုပ်လုပ်ကိုင်သူအများစုက ကိုယ်ပိုင်လုပ်ငန်းနဲ့ အခကြေးငွေမရတဲ့ မိသားစုဝင်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြတာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ရဲ့စီးပွားရေးနဲ့လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက် အစိုးရနဲ့ ဒေသဆိုင် ရာအဖွဲ့အစည်းတွေအနေနဲ့လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ လုပ်သားပါဝင်မှုအချိုးကို မြှင့်တင်ဖို့လိုအပ်နေတယ်လို့လည်း ဆိုကြပါတယ်။






