Border News Agency
ကချင်၊ နိုဝင်ဘာ ၁၄။
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်မှာ ငွေကျပ်နှစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်လို့မြန်မာနိုင်ငံမူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့က နိုဝင်ဘာလ ၁၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီဝိုင်းမော်မြို့နယ်၊ နတ်မြစ်ခတံတားအနီးမှာ အောက်တိုဘာလ ၃၀ ရက်နေ့က အမျိုးသားတဦး ဘိန်းဖြူလေးဆယ်ခုနှစ်ဒသမငါးဆယ်နှစ်ကီလိုဂရမ်၊ စိတ်ကြွဆေးပြားခုနှစ်ဒသမရှစ်သိန်းပြား ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေရဲ့ ကာလတန်ဖိုးမှာ ငွေကျပ်နှစ်ဒသမသုံးရာငါးဆယ်ရှစ်ဘီလီယံရှိတယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို နမ့်ခမ်းမြို့မှ ဝိုင်းမော်မြို့သို့ သယ်ဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။
အဲဒီဖမ်းမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ကျန်ပြစ်မှုကျူးလွန်သူတွေကိုလည်း ဆက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။






