Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး သတင်း အာရက္ခဒေသ

ရခိုင်က လယ်သမားတွေ လုပ်ငန်းခွင်ဝင်ဖို့ ခက်ခဲနေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

ရခိုင်က လယ်သမားတွေ လုပ်ငန်းခွင်ဝင်ဖို့ ခက်ခဲနေ

ပုဏ္ဏားကျွန်း၊ဇူလိုင် ၂၉။

ရခိုင်က လယ်သမားတွေ စစ်ဘေးရှော င်နေကြရသလို လယ်ယာသုံးပစ္စည်းတွေလည်း ခိုးယူဖျက်ဆီးခံလိုက်ကြရတာမို့ လုပ်ငန်းခွင်ဝင်ဖို့ခက်ခဲနေကြတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

ရခိုင်ကကျေးရွာတွေကို စစ်ကောင်စီတ ပ်က ဝင်ရောက်ပြီး လယ်ယာသုံးပစ္စည်း
တွေ၊မျိုးစပါးတွေ၊ဓာတ်မြေသြဇာတွေ
အပါအဝင် နေအိမ်ရှိပစ္စည်းတွေကို ခိုးယူဖျက်စီးသွားကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် လယ်မြေတွေမှာမြေမြုပ်မိုင်းတွေ၊မပေါက်ကွဲသေးတဲ့စစ်လက် နက်တွေ၊စစ်ကောင်စီတပ်ကဒရုန်းတွေ၊
လက်နက်ကြီးတွေ၊တိုက်လေယာဥ်တွေနဲ့ပစ်ခတ်နေတာမို့ လယ်ယာလုပ်ငန်းခွင့်သို့ မဝင်ရောက်နိုင်ကြတာလို့ ဆိုကြပါတယ်။

”စစ်ကောင်စီက ရွာသားတွေကိုအတင်း အဓမ္မဖမ်းလို့ ထွက်ပြေးလာရတာပါ။တလပိုင်းလောက်အတည်းကထွက် ပြေးလာကြတာပါ။ကျနော်တို့မှာ စပါးဝမ်းစာလည်းကျန်ခဲ့ပါတယ်။မြေဆီ၊မြေသြဇာတွေလည်း ကျန်ခဲ့တယ်။လယ်ထွန်စက်လည်းကျန်ခဲ့တယ်။အဲဒါတွေ ခုဘာမှမရှိတော့ဘူး။အကုန်လုံးခိုးယူသွားပြီ စစ်ကောင်စီနဲ့ကုလားတွေနဲ့ပေါင်းပြီးတော့ အိမ်ကိုလည်း ဖြိုပြီးတော့ ယူသွားတယ်။” စစ်တွေမြို့နယ်၊ချောင်းနွယ်မင်းဂံကျေးရွာမှစစ်ဘေးရှောင်လာတဲ့လယ်သမားတစ်ဦးက Border News Agency သို့ ပြောပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်တွေ၊လူနေကျေးရွာတွေ ဝင်ရောက်ပြီးလယ်သမား
တွေအပါအဝင် အရပ်သားပြည်သူတွေ
ကို အတင်းအဓမ္မဖမ်းဆီးသတ်ဖြတ်တာတွေပြုလုပ်နေပါတယ်။

အဲဒီအပြင် လယ်ယာမြေတွေ၊တိုင်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုလည်း ဒရုန်းတွေ၊လက်နက်ကြီးတွေ၊အတွဲလိုက်ဒုံးတွေအပြင် တိုက်လေယာဥ်တွေ၊ရေ တပ်စစ်သင်္ဘောကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် လယ် ယာလုပ်ငန်းခွင်သို့မဝင်ရောက်နိုင်ကြ
ပြီးမိုးစပါးစိုက်ပျိုးမှုတွေမပြုလုပ်နိုင်
ရင် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာငတ်မွတ်ခေါင်းပါးမှုတွေနဲ့ကြုံတွေ့ရနိုင်
တယ်လို့ ဆိုကြပါတယ်။

”ခုလယ်ထွန်ဖို့တာမပြောနဲ့ အိမ်တောင်မရှိတော့ဘူး။လယ်သမားတွေ လယ်မလုပ်ရင် ပြည်သူတွေအတွက်လည်း အစားအစာတွေ ဒုက္ခဖြစ်လာမှာ။လာမယ့်နှစ်တွေမှာလည်း လယ်လုပ်လို့အဆ င်မပြေရင်အကုန်လုံးကျပ်တည်းကြတော့မှာ။နောက်ပြီး အကုန်လုံးငတ်မွတ်ကြတော့မှာ။အဓိက ကစပါး၊ဆန်ကအရေးကြီးတာပါ။”လို့ ရခိုင်မှလယ် သမားတစ်ဦးက ပြောပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ စစ်ကောင်စီတပ်က ကုန်းလမ်း၊ရေလမ်းအားလုံးကို
ပိတ်ဆို့ထားသလို ကုန်းပစ္စည်းတွေအ ပါအဝင် လယ်ယာသုံးပစ္စည်းတွေ၊စက်
သုံးဆီတင်သွင်းတာတွေကိုလည်း ပိတ် ဆို့တားမြစ်ထားတာမို့ ရခိုင်ကလယ်သ မားတွေ လယ်ယာလုပ်ငန်းခွင့်သို့ဝင်ဖို့
ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် သဘာဝဘေးဒဏ်တွေကြောင့် မျိုးစပါးတွေလည်းပျက်ဆီးဆုံးရှုံးသွားကြသလို နိုင်ငံတကာအကူ
အညီတွေလည်းမရကြတာမို့ ရခိုင်က
လယ်သမားအများစုဟာ လယ်ယာလုပ်ငန်းခွင့်သို့ဝင်ဖို့ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။

”ကျနော်တို့က ကိုယ့်ရွာအနီးအနားကိုတောင် သွားလို့မရဘူး။နွားလည်းကျန်ခဲ့တယ်။လယ်လုပ်ရမယ်ဆိုရင်တောင် ကောက်မျိုးစပါးက ဘာမှမကျန်တော့ဘူး။လယ်လုပ်ရင်တောင်မှ ဝမ်းစာစပါးကမလုံလောက်ဘူး။လယ်မလုပ်လိုက်ရရင် ပြောစရာစကားကမရှိတော့ပါဘူး။ကျနော်တို့ရွာဖက်တွေက အများအားဖြင့် လယ်လုပ်ကြတယ်။အဲဒါကိုမလုပ်လိုက်ရရင် အခက်အခဲအများကြီးရှိသွားတယ်။စစ်ကောင်စီကတော့ ကျနော်တို့အတွက် ရန်သူပါပဲ။ကျနော်တို့ကို အကြောင်းမဲ့ ဖျက်စီးနေတာပါ။”
လို့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမောင်လှသာက Border News Agency သို့ပြောပါတယ်။

ရခိုင်စစ်ပွဲအဆုံးအဖြတ်မှာ အာရက္ခတပ်တော်(AA)က ရခိုင်ကမြို့အများစု
ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထား
ပြီး အာရက္ခပြည်သူ့အစိုးရယန္တယားကို
စတင်အကောင်အထည်ဖော်လည်ပတ်နေပါတယ်။

အဲဒီအာရက္ခပြည်သူ့အစိုးရက ရခိုင်ရှိ
လယ်သမားတွေအတွက် လယ်ယာသုံး
ပစ္စည်းတွေ ကူညီထောက်ပံ့ပေးဖို့လုပ်
ဆောင်နေတယ်လို့ တရားဝင်ထုတ်ဖော်
ပြောဆိုထားပါတယ်။

ရခိုင်ကမြို့အများစုဟာ ကမ္ဘာ့ရာသီဥ တုပြောင်းလဲမှုဒဏ်ကြောင့် သဘာဝဘေးဒဏ်တွေကိုခံစားကြုံတွေ့နေကြရ
ပြီး မိုးစပါးစိုက်ခင်းတွေ၊ပျိုးပင်တွေ၊
မျိုးစပါးတွေ၊ဝမ်းစာစပါးတွေ ပျက်ဆီး
ဆုံးရှုံးသွားတယ်လို့ လယ်သမားတွေက
ဆိုကြပါတယ်။

ရခိုင်မှာ လယ်ယာမြေဧက ဆယ့်သုံးသိန်းကျော်ရှိပြီး မောင်တောခရိုင်နဲ့စစ်တွေခရိုင်မှာတော့ လယ်ယာမြေဧကကိုးသိန်းနီးပါးရှိနေပါတယ်။

အဲဒီလယ်ယာမြေဧကပမာဏဟာ ရခိုင်ပြည်တခုလုံး စုစုပေါင်းလယ်ယာမြေရဲ့ ၆၇ ရာခိုင်နှုန်းရှိနေပေမယ့် လက်နက် ကိုင်ပဋိပက္ခကြောင့် လုံခြုံရေးအခြေအ နေကို စိုးရိမ်နေကြတဲ့အတွက် လယ် မြေအများစုဟာ လယ်ယာလုပ်ကိုင်ဖို့ အခက်အခဲတွေဖြစ်နေကြတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသမှလယ်သမားတစ်ဦး/BNA)

PrevPreviousမတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ရဲ့လက်နက်ခဲယမ်းအများအပြားရရှိ(ဓာတ်ပုံသတင်း)
Nextမောင်တောမြို့ရှိမြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးကို စစ်ကောင်စီတပ်လက်နက်ကိုင်တွေဖျက်ဆီးNext
Previous Post

မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ရဲ့လက်နက်ခဲယမ်းအများအပြားရရှိ(ဓာတ်ပုံသတင်း)

Next Post

မောင်တောမြို့ရှိမြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးကို စစ်ကောင်စီတပ်လက်နက်ကိုင်တွေဖျက်ဆီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အိန္ဒိယ၊​ ဇူလိုင် ၂၆။

July 26, 2026

စစ်တွေခရိုင်အချုပ်ထောင်မှ မုဒိမ်းတရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်နေ

July 25, 2026

ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတဲ့ အာရက္ခ​ဒေသက အမျိုးသမီးတွေ

July 25, 2026

ဘင်္ဂလားဒေ့ရှ်သမ္မတကျန်းမာရေးကြောင့် ရာထူးမှနှုတ်ထွက်

July 25, 2026

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Releated Post

ကိုးကား/ဓာတ်ပုံ - World News

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

July 24, 2026

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

July 24, 2026

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

July 24, 2026

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

July 24, 2026
Phpto - APM

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

July 24, 2026
Photo - APM

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

July 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page