Border News Agency
ထားဝယ်၊ ဇန်နဝါရီ ၁၂။
မြိတ်၊ ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ၄၊ တပ်ရင်း ၁၁ သို့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး အလင်းဝင်လာတယ်လို့ ဇန်နဝါရီလ ၁၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီမြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရင်း ခလရ -၂၆၅ မှ တပ်သားနှစ်ဦးဟာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်ရဲ့ စအရ – ၉၁၈ တပ်ရင်းမှ တပ်သားတဦးနဲ့အတူ MA 3 တလက်၊ ကျည်အပါဝင်ကျည်ဘောက်တခုနဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဆီ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံကြဖို့ ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းထားပါတယ်။






