Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး မောင်တောခရိုင် မောင်တောမြို့နယ် သတင်း အာရက္ခဒေသ

မောင်တောမြို့နယ် ထိန်းချုပ်ရေးစစ်ပွဲ အချိန်ဆယ်လနီးပါးကြာ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

မောင်တောမြို့နယ် ထိန်းချုပ်ရေးစစ်ပွဲ အချိန်ဆယ်လနီးပါးကြာ

Border News Agency

မောင်တော၊စက်တင်ဘာ ၄။

အာရက္ခ-ဘင်္ဂလာဒေ့ရှ်နယ်စပ်၊မောင်တောမြို့နယ်တခုလုံးကို အပြီးသတ်သိမ်း ပိုက်ထိန်းချုပ်ရေးစစ်ပွဲဟာ အချိန်ဆယ်လနီးပါးထိကြာနေတာကို အာရက္ခတပ်တော်(AA)ထုတ်ပြန်ချက်တွေကို လေ့လာဆန်းစစ်ချက်တွေအရ တွေ့ရပါတယ်။

အာရက္ခတပ်တော်(AA)ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့” ၁၀၂၇စစ်ဆင်ရေး ”အဖြစ် အာရက္ခဒေသမှာ ပြီးခဲ့တဲ့နှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့က မောင်တော – အငူမော်ကားလမ်းရှိ စစ်ကောင်စီတပ်ရဲ့ဒုံးပိုက်နယ်ခြားစောင့်အထိုင်စခန်းကို အာရက္ခတပ်တော်(AA)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကဲမှုစစ် ဌာနချုပ်လက်အောက်ခံ၊စစ်တွေအခြေစိုက်အမှတ် ၂၃၂ ခြေလျင်တပ်ရင်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အာရက္ခတပ်တော်(AA)တို့ကြား မောင်တော မြို့နယ်၊သင်္ဘောလှရွာအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှဒု-စစ်ကြောင်းမှူးကျော်သက်နိုင်အပါအဝင် ၁၄ ဦးခန့်သေဆုံးကာ စစ်သုံ့ပန်းတစ်ဦး၊လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလို ဒဏ်ရာရသူတချို့လည်းရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး မောင်တောမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့သလို ၂၀၂၄ ခုနှစ်သြဂုတ်လ ၄ ရက်၊ဒီနေ့ထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာမို့ အချိန် ဆယ်လနီးပါးရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဒီလိုအချိန်ကြာနေပြီးအလုံးစုံထိန်း ချုပ်နိုင်ရေးအတွက်အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေရတာဟာ မောင် တောမြို့နယ်မှာတပ်စခန်းအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီရှိသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားထောင်နဲ့ချီဝင်ရောက်တိုက်ခိုက်ပေးနေတာတွေ၊နိုင်ငံတကာအသိုင်းအဝိုင်းရဲ့တဖက်သတ်ဖိအားတွေလည်းပါဝင်တယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။

”ULA/AA အတွက်က မောင်တောကိုအပြီးသတ်ရရင်လွတ်လပ်ရေးရသလိုပါပဲ။တပ်စခန်းတွေလည်းသိပ်များပါတယ်။စစ်သည်လက်နက်အင်အားတွေလ ည်းများပါတယ်။ရိုဟင်ဂျာလက်နက်ကိုင်တွေလည်းအများကြီးဝင်တိုက်ပေးနေကြပါတယ်။နိုင်ငံတကာဖိအားတွေလည်းရှိနေပါတယ်။နယ်မြေကလည်းကြီး မားကျယ်ပြန့်တော့ အထူးသတိထားတိုက်နေရတော့ အချိန်ကြာနေတာပေါ့ ။”လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီမောင်တောဒေသမှာ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ရဲ့ကွပ်ကဲမှုအောက်မှာဒေသ ၄ ခု၊နယ်မြေ ၁၁ ခု သတ်မှတ်ထားပြီး နယ်မြေရုံး ၁၁ ရုံး၊နယ်မြေရဲစခန်း ၁၂ ခု၊ကင်းစခန်း ၉၅ ခု၊ချောင်း၀ကင်းစခန်း ၂၇ ခု၊နယ်စပ်ခြံ စည်းရိုးကင်းစခန်း ၁၂ ခု၊စုစုပေါင်း ၁၅၇ နေရာကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၀ ခုဟာ အင်အားခုနှစ်ထောင်ကျော်ခန့်နဲ့ခုခံတိုက်ခိုက်နေခဲ့တာကို Border News Agency က လက်ခံရရှိထားတဲ့အထောက်အထားတွေမှာတွေ့ရပါတယ်။

အဲဒီတပ်စခန်းတွေဟာ အာရက္ခ-ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ထိစပ်နယ်နိမိတ် ၁၆၈.၅၇ မိုင်မှာ ဘင်္ဂလားပင်လယ်အော်နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားထိ ၃၉.၈၂ မိုင်ရှိပြီး အာရက္ခ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်ဘီပီ-၃၁ မှ အာရက္ခ- ဘင်္ဂလားဒေ့ရှ် – အိန္ဒိယသုံးနိုင်ငံဆုံရာနယ်စပ်မှတ်တိုင်ဘီပီ၇၃ ထိ ၁၂၈. ၇၅ မိုင်ကြားဖြစ်ပါတယ်။

အဲဒီမောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူအာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)၊ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့(RSO)၊အာရကန်ရိုဟင်ဂျာတပ်မတော်(ARA)စတဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အ ကြမ်းဖက်သမားတွေ၊စစ်သင်တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်အကြမ်းဖက် သမားတွေငါးထောင်ခန့်ထိပူးပေါင်းခုခံတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

အဲဒီအပြင်မောင်တောမြို့သိမ်းတိုက်ပွဲအတွက် မြို့ထဲရှိအရပ်သားပြည်သူတွေ ဘေးလွှတ်ရာသို့ ထွက်ခွာကြဖို့လ ည်း ဇွန်လ ၁၆ ရက်နေ့က အာရက္ခတပ်တော် (AA)က အသိပေးထုတ်ပြန်ခဲ့ရသလို အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အရပ်သားပြည်သူသောင်းနဲ့ချီပြီးအများစုကယ်ထုတ်ခဲ့ရတာမို့ အချိန်ကြာနေတာလို့ ဆိုကြပါတယ်။

နောက်ပြီးလူ့အခွင့်အရေးအမည်ခံအဖွဲ့တွေအပါအဝင်နိုင်ငံတကာအသိုင်းအ ဝိုင်းကလည်း အာရက္ခပြည်လွတ်မြောက်ရေးနဲ့အာရက္ခတပ်တော်(AA)တခုလုံးကို ကမ္ဘာ့လူဆိုးလူမိုက်စာရင်းသွင်းနိုင်ဖို့ထောင်ချောက်ဆင်ထားတာတွေ၊ရိုဟင်ဂျာအကြမ်းဖက်သမားတွေရဲ့အဖျက်အမှောက်လုပ်ရပ်တွေကြောင့် အချိန်ပိုကြာနေတာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

”မောင်တောတိုက်ပွဲက သေနတ်နဲ့စစ်တိုက်ရုံသက်သက်မဟုတ်ပါဘူး။ စစ်တပ်ရဲ့ကြေးရေလေပူးပေါင်းတိုက်ခိုက်မှုတွေနဲ့အတူ လူ့အခွင်အရေးအမည်ခံလုပ် စားနေသူတွေရဲ့ဝါဒဖြန့်ထိုးနှက်မှုတွေ၊ နာမေလိုချင်နေကြတဲ့ နိုင်ငံတကာအသို င်းအဝိုင်းတွေကိုလည်း သံတမန်ရေးထိုးစစ်တွေလုပ်နေရပါတယ်။ပြီးတော့နယ်မြေလုခိုဝင်းကုလားတွေရဲ့အဖျက်အမှောက်တွေကို သတိထားတိုက်ဖျက်နေတော့ အချိန်ကြာနေတာပါ။”လို့ အာရက္ခပြည်သူတစ်ဦး က Border News Agency သို့ပြောပါတယ်။

အဲဒီနိုဝင်ဘာလ ၁၃ ရက်နေ့တိုက်ပွဲစတ င်ပြီးနောက်နယ်ခြားစောင့်တပ်စခန်း ၄ ၀ နီးပါးလည်း စခန်းစွန့်ထွက်ပြေးသွားခဲ့ကြပြီး မောင်တောမြို့နယ်၊ကံပြင်သာစည်ရွာအရှေ့မြောက် ၃.၃ ကီလိုမီတာအကွာမှာ နိုဝင်ဘာလ ၁၅ ရက်နေ့၊နံနက် ၅ နာ ရီ ၃၆ မိနစ်အချိန်ခန့်မှာ စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်(AA) တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ဒဏ်ရာရသူတချိုရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA) ထုတ်ပြန်ပါ တယ်။

အဲဒီမောင်တောမြို့နယ်၊ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာလ ၁၆ ရ က်၊နံနက် ၁၀ နာရီခန့်မှာ အာရက္ခတပ်တော်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင် ဘာလ ၁၇ ရက်၊နေ့လယ် ၁ နာရီအ ချိန် ၂၇ နာရီခန့်အကြာမှာ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

အဲဒီဒုံးညိုနယ်ခြားစောင့်တပ်စခန်းဟာ အာရက္ခစစ်ပွဲအဆုံးအဖြတ်မှာ မောင်တောမြို့နယ်က ပထမဆုံးသိမ်းပိုက်ရရှိခဲ့တဲ့စခန်းဖြစ်ပြီး အာရက္ခစစ်ပွဲအဆုံး အဖြတ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ မောင်တောမြို့နယ်က စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်း ၆၂ ခုထိ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြပါတယ်။

အဲဒီမောင်တောမြို့နယ်၊တောင်ပြိုလက်ဝဲမြို့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ စစ်ကောင်စီတပ်ဘက်မှ ပထမဆုံးပူးပေါင်းပါဝင်ပြီးအပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ကြတာလို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ခဲ့ပါ တယ်။

အဲဒီမောင်တောမြို့နယ်တခုလုံးကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ဖို့အတွက်မြို့ပေါ်နေရာတချို့မှာ စခန်းချတပ်စွဲခုခံနေကြတဲ့စစ်ကောင်စီလက်နက်ကိုင်တွေ၊ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်( AA)က လိုက်လံချေမှုန်းနေသလို မောင်တောမြို့အဝင်၊မြို့သူကြီးကျေးရွာဟောင်းမှာတည်ရှိတဲ့အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ရင်းကိုလည်းဝိုင်း ရံပိတ်ဆို့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ကဓာတုအဆိပ်ဓာတ်ငွေ့ဗုံးအသုံးပြုတိုက် ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က သြဂုတ်လ၂၉ ရက်နေ့က ထုတ်ပြန်ပြီး တိုက်လေယာဥ်တွေအပါအဝင်လေယာဥ်အမျိုးအစားအစုံ အသုံးပြုဗုံးကြဲပစ်ကူပေးခုခံနေသလို စစ်ကောင်စီတပ်က ကြေးရေလေပူးပေါင်းခုခံနေပေမယ့် အာရက္ခတပ်တော်(AA )က အပြီးသတ်တိုက်ပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မောင်တောဒေသခံတွေက ဆိုကြပါတယ်။

Photo-AA

PrevPreviousမြို့တော်စစ်တွေကို စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေ
Nextလူထုတော်လှန်ရေးမဟာမိတ်အင်အားစုအခြေခံစစ် သင်တန်းဆင်းပွဲပြုလုပ်Next
Previous Post

မြို့တော်စစ်တွေကို စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေ

Next Post

လူထုတော်လှန်ရေးမဟာမိတ်အင်အားစုအခြေခံစစ် သင်တန်းဆင်းပွဲပြုလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒက်စတိုပီယန်းဘဝတွေ – ၁၀

September 11, 2026

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

September 11, 2026
ဓာတ်ပုံ - APM

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

September 11, 2026

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

လောင်းလုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးတဦးသေဆုံး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ တွေ့

အယုဒ္ဓယဘုန်းကြီးဟောင်းဆီမှ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်း

Releated Post

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

September 11, 2026
ဓာတ်ပုံ - APM

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - SBF

လောင်းလုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးတဦးသေဆုံး

September 11, 2026

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ တွေ့

September 11, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

အယုဒ္ဓယဘုန်းကြီးဟောင်းဆီမှ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်း

September 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page