Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး သတင်း အာရက္ခဒေသ

မြို့တော်စစ်တွေကို စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေ

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter
မြို့တော်စစ်တွေကို စစ်ကောင်စီတပ်က အင်အားဖြည့်ပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေ
Border News Agency
စစ်တွေ၊စက်တင်ဘာ ၂။
ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တည်ရှိပြီး ပြည်နယ်စစ်ကောင်စီရုံးစိုက်ထားတဲ့မြို့ တော်စစ်တွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြည့်တင်းထားပြီး ခံစစ်အခိုင်အမာပြုလုပ်ခုခံနေတယ်လို့ စစ်ကောင်စီတပ်အသိုင်းက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့နယ်ပတ်ပတ်လည်းကို စစ်ကောင်စီရေတပ်က ရေတပ်စစ်သည်အင်အားရာနဲ့ချီအသုံးပြုပြီး စစ်ကောင်စီရေတပ်စစ်သင်္ဘောအစင်းရေသုံးဆယ်ကျော်ထိ အသုံးပြုကင်းလှည့် ရေပြင်ခံစစ်ပြုလုပ်ထားတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင်မြို့ပတ်ပတ်လည်နေရာအားလုံးမှာ ရေမြုပ်မိုင်းတွေ၊မြေမြုပ်မိုင်းတွေ ထောင်နဲ့ချီထောင်ထားသလို မြို့ပတ်ပတ်လည်မှာပစ်ကျင်း၊ကာပါကျင်း၊ကတုတ်ကျင်းတွေကို စက်ယန္တယားကြီးတွေနဲ့အခိုင်အမာတည်ဆောင်ခုခံ စစ်ပြင်ဆင်ထားတာလို့ ဆိုကြပါတယ်။
နောက်ပြီးရခိုင်ပြည်နယ်လွှတ်တော်၊နည်းပညာတက္ကသိုလ်၊စစ်တွေတက္ကသိုလ်၊ဗုဒ္ဓပြတိုက်၊ယဥ်ကျေးမှုပြတိုက်၊လောကာနန္ဒာစေတီဝင်းအပါအဝင်ဌာနဆိုင်ရာအဆောက်အအုံအားလုံးနဲ့အထပ်မြင့်နေရာအားလုံးမှာဝင်ရောက်တပ်စွဲခုခံစစ် ဆင်ပြင်ထားတယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
”ရေပြင်မှာရော့၊ကုန်းမှာပါ။မြို့တွင်းတိုက်ပွဲတွေအတွက်လည်းအင်အားဖြည့်ထားတယ်။ခံစစ်တွေအခိုင်အမာတည်ဆောက်ထားတယ်။ဒရုန်းဗုံးဒဏ်ခံနိုင်အောင်၊လက်နက်ကြီးဒဏ်ခံနိုင်အောင်ထိပြင်ဆင်ထားတယ်။စားနပ်ရိက္ခာတွေလည်းအပြည့်ပဲ။”လို့ စစ်တွေမြို့နယ်ရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်မှ စစ်တပ်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီမြို့တော်စစ်တွေမှာ စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်(AA)တို့ကြား သြဂုတ်လ ၂၉ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်အရာရှိတွေအပါအဝင်သုံးဆယ်ကျော်ထိသေဆုံးဒဏ်ရာရရှိခဲ့ကြတာလို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်း ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့နယ်၊မင်းလှကျေးရွာအနီးမှာ အာရက္ခတပ်တော်(AA)အခြေချတပ်စွဲနေထိုင်ရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာမို့ အာရက္ခတပ်တော်(AA)က ခုခံတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိတွေ တိုက်ပွဲတွေဖြစ် ပွားခဲ့ကြတာလို့ ဆိုကြပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တွေမြို့နယ်အခြေစိုက်၊အမှတ်၈၁၈ ဆက်သွယ်ရေးတပ်ရင်းမှဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သုံးဆယ်ကျော်ထိသေ ဆုံးဒဏ်ရာရရှိခဲ့ကြတာလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုကြပေမယ့် စစ်တွေတိုက်ပွဲအကြောင်းကိုတော့ အာရက္ခတပ်တော်(AA)က တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးရှိကျေးရွာကို မီးလောင်ရွာလို့ဒေသခံတွေကခေါ်ဆိုကြပြီး ပြည်ထဲရေးဝန်ကြီးစာရင်းမှာတော့ မင်းလှရွာလို့ဖော်ပြထားသလို အဲဒီကျေးရွာဟာ စစ်တွေမြို့မြောက်ဖက်ခြမ်းငါးမိုင်ခန့်အကွာမှာတည်ရှိနေပါတယ်။
အဲဒီကျေးရွာဟာစစ်တွေမြို့နယ်နဲ့ပုဏ္ဏားကျွန်းမြို့နယ်ကြားမှာတည်ရှိပုဏ္ဏားကျွ န်းမြို့နယ်နဲ့ပိုမိုနီးကပ်စွာတည်ရှိနေတာမို့ အာရက္ခတပ်တော်(AA)ကအင်အားအလုံးအရင်းနဲ့ဝင်ရောက်တပ်စွဲအထိုင်ချနေထိုင်နေကြနေတာဖြစ် နိုင်ပြီး စစ်တွေမြို့နယ်ထဲမှာ အာရက္ခတပ်တော်(AA)က ဝင်ရောက်နေရာယူစခန်းချတပ်စွဲနေထိုင်နေကြပြီမို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာမြောက်ဖက်ခြမ်း၊ရွှေမင်းဂံမှာ စစ်ကောင်စီတပ်ရဲ့အမှတ် ၃ ရေတပ်ဗျူဟာအခြေစိုက်စခန်းနဲ့ဆိပ်ကမ်းတွေတည်ရှိနေသလို ရေ တပ်စစ်သင်္ဘောတွေလည်းအဆင်သင့်ရှိနေပြီး လက်နက်ကြီးပစ်ကူတွေအပြင် ရေကြောင်း၊လေကြောင်းပစ်ကူတွေနဲ့ခုခံနေကြတယ်လို့ ဆိုကြပါတယ်။
”တိုက်ပွဲတွေမဖြစ်ခင်ကတည်းက စစ်တပ်ကဒရုန်းနဲ့ကင်းထောက်တာတွေ၊လက်နက်ကြီးပစ်တာတွေ မကြာခဏပြုလုပ်နေခဲ့တာပါ။နေဗီတွေကလည်း လက်နက်ကြီးပစ်တာတွေ၊ကင်းလှည့်တာတွေပြုလုပ်နေခဲ့တာပါ။ဒါပေမ ယ့် စစ်ပွဲကစစ်တွေသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။”လို့ စစ်တွေမြို့ခံတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီစစ်တွေမြို့နယ်ပတ်ပတ်လည်ကို ရေမြုပ်မိုင်းတွေ၊မြေမြုပ်မိုင်းတွေထောင် ထားပြီးကုန်းလမ်း၊ရေလမ်း အား လုံးကို တားဆီးပိတ်ဆို့ထားသလို မြို့ပတ်ပ တ်လည်ကို ခြံစည်းရိုးတွေကာရံထားပေမယ့် အာရက္ခတပ်တော်(AA )က ဝင်ရောက်စခန်းချတပ်စွဲနေရာယူစစ်ရေးလှုပ်ရှားပြီး ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင် ဆင်လာတာလို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အဲဒီစစ်တွေမြို့နယ်နဲ့ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားတဲ့ မင်းချောင်းတံတာကိုလည်း စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးထားပြီးမို့ ရေ လမ်းကိုသာ အသုံးပြုဝင်ရောက်နိုင်ပြီးအရပ်သားပြည်သူတွေ ရေလမ်းအသုံး ပြုစစ်ဘေးရှောင်ကြတာတွေကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်တာတွေ၊ဖမ်းဆီးထောင်ချတာ တွေပြုလုပ်ခဲ့ကြတယ်လို့ အာရက္ခပြည့သူတွေက ဆိုကြပါတယ်။
အဲဒီအပြင်မြို့တော်စစ်တွေသို့ အာရက္ခတပ်တော်(AA)လာရောက်တိုက်ခိုက်နိုင်တယ်လို့ ယူဆနေတဲ့ ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်မြို့နယ်တွေကိုလ ည်း ဒရုန်းတွေ၊လေယာဥ်တွေနဲ့ကင်းထောက်တာတွေ၊ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊စစ်သင်္ဘောတွေ၊လေယာဥ်တွေနဲ့ပစ်ခတ်တာတွေလည်း မကြာခဏပြုလုပ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
”ပေါက်တော၊ပုဏ္ဏားကျွန်း၊ရသေ့တောင်ဖက်တွေကိုမကြာမကြာပစ်ခတ်နေပါတယ်။အရပ်သားတွေလည်း မကြာခဏထိခိုက်ဒဏ်ရာရနေကြပါတယ်။တပ်တော်ကလာတိုက်မယ်ထင်ပြီးအရပ် သားတွေကိုပဲပစ်မှတ်ထား ပစ်ခတ်နေပါတယ်။ဒါကလူမျိုးရေးအမုန်းတရားတွေပိုများလာစေပါတယ်။”လို့ အာရက္ခပြည်သူတစ်ဦးက Border News Agency သို့ပြောပါတယ်။
အဲဒီပြည်နယ်မြို့တော်မှာ စစ်တွေအခြေစိုက်၊ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်၊အမှ တ် ၂၀ ခြေလျင်တပ်ရင်း၊အမှတ် ၂၃၂ ခြေလျင်တပ်ရင်း၊အမှတ် ၂၇၀ခြေလျင် တပ်ရင်း၊အမှတ် ၃၄၄ ခြေမြန်တပ်ရင်း၊အမှတ် ၃၅၄ ခြေမြန်တပ်ရင်း၊အမှတ် ၃၇၃ အမြောက်တပ်ရင်းတည်ရှိပါတယ်။
အဲဒီအပြင် အမှတ် ၉၀၈ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊အမှတ် ၈၁၈ ဆက်သွယ်ရေးတပ်ရင်း၊အမှတ် ၈၂၈ ထောက်ပို့နဲ့ပို့ဆောင်ရေးတပ်ရင်း၊အမှတ် ၈စစ် မြေပြင်ဆေးတပ်ရင်း၊အမှတ် ၉ လျှပ်စစ်နဲ့စက်မှုအင်ဂျင်နီယာတ ပ်ရင်း၊အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ် ၈၆၈ တပ်ထိန်းတပ်ခွဲ၊အမှ တ် ၄ ဆက်သွယ်ရေးအလုပ်ရုံ၊အမှတ် ၉၆၂ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် ခွဲ၊အမှတ် ၄၃၄ စစ်လက်နက်တပ်ခွဲ၊အမှတ် ၁၀ ပညာရေးကျောင်းတည်ရှိပါတ ယ်။
နောက်ပြီး အမှတ် ၁၇ တပ်မတော်ကုတင် ၁၀၀ ဆေးရုံ၊အမှတ် ၂ စစ်ဖက်ရေး ရာလုံခြုံရေးတပ်စု၊အမှတ် ၁၂ ရဲတပ်ရင်း၊အမှတ် ၃၆ ရဲတပ်ရင်းတည်ရှိသလို ရေတပ်အခြေစိုက်စခန်းလည်း တည်ရှိပါတယ်။
အဲဒီစစ်တွေမြို့၊ပွိုင့်ကမ်းခြေအနီးရှိ အ မှတ် ၃ ရေတပ်ဗျူဟာကို အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်အဖြစ် တိုးမြင့်လိုက်သလို ဗိုလ်ချုပ်အဆင့်အရာရှိတစ်ဦးကဦးဆောင်ကွပ်ကွဲနေပြီးအရာရှိစစ်သည်အင်အားသုံးဆယ်၊ရေတပ်စစ်သ ည်အင်အားတစ်ရာ့သုံးဆယ်ဦးထိရှိနေတယ်လို့ Border News Agency က စုံစမ်းသိရှိရပါတယ်။
အဲဒီအမှတ် ၃ ရေတပ်ဗျူဟာကို စစ်တွေမြို့နယ်၊ရွှေမင်းဂံသို့ပြောင်းရွေ့တိုးဖွင့်လိုက်ပြီး စစ်ကောင်စီရဲ့ရေတပ် စစ်သည်အင်အားတစ်ရာကျော်က စစ်ရေယာဥ်ကြီးငယ်အစီးရေ ၃၀ကျော်နဲ့ရိက္ခာထောက်ပို့မှုတွေ၊စစ်သည် အင်အားသယ်ယူ ပို့ဆောင်မှုတွေ၊စစ်ကူ၊ပစ်ကူပေးမှုတွေကို အဓိကပြုလုပ်နေတယ်လို့ စစ်ကော င်စီရေတပ်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်ရမယ့် စစ်တွေမြို့သိမ်းကမ်းတက်တိုက်ပွဲမှာ စစ်ကောင်စီတပ်က ရေတပ်နဲ့လေကြောင်းပစ်ကူတွေကို အဓိကအားကိုးပြီးတိုက်ခိုက်ခုခံနိုင်တာမို့ ရေတပ်စစ်သင်္ဘောကြီးတွေ ၊ရေတပ်စခန်းတွေကို ပထမဆုံးတိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်ပြီးမှမြို့သိမ်းတိုက်ပွဲတွေတိုက် ခိုက်သင့်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
အဲဒီအပြင်ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ၊စစ်သင် တန်းဆင်းမွတ်ဆလင်လက်နက်ကိုင်တွေကိုလည်း အသုံးပြုခုခံစစ်ဆင်လာနိုင်တာမို့ ကမ်းတက်တိုက်ပွဲတွေကို အထူးသတိထားပြင်ဆင်ထားရမှာဖြစ် သလို နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားစောင့်ကြည့်နေတာတွေလည်းရှိနေနိုင်တယ်လို့ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတွေက ဆိုကြပါတယ်။
(ဓာတ်ပုံ- စစ်တွေမြို့ပေါ်မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့/BNA)
PrevPreviousမောင်တောကို အပြီးသတ်ဆုံးရှုံးခါနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေ
Nextမောင်တောမြို့နယ် ထိန်းချုပ်ရေးစစ်ပွဲ အချိန်ဆယ်လနီးပါးကြာNext
Previous Post

မောင်တောကို အပြီးသတ်ဆုံးရှုံးခါနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုခုခံနေ

Next Post

မောင်တောမြို့နယ် ထိန်းချုပ်ရေးစစ်ပွဲ အချိန်ဆယ်လနီးပါးကြာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

September 23, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေး/BNA)

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

September 23, 2026

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

September 23, 2026

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

September 23, 2026

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

ထိုင်းမှာ မြန်မာငါးဖမ်းလှေလုပ်သားတွေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရ

မလေးရှားမှာ မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

Releated Post

ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

လျှပ်စစ်အတွက် အဏုမြူမယ်လို့ သမ္မတတုပြော

September 23, 2026
(ဓာတ်ပုံ - အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေး/BNA)

ဘင်္ဂလားဒေ့ရှ်သွင်းကုန်မုန့်တွေကို အာရက္ခအစိုးရ စစ်ဆေးဖို့လိုအပ်နေ

September 23, 2026

ဝေဘူလမြို့မှာ လက်နက်ကိုင်တွေမဝင်ဖို့ ဒေသခံတွေတောင်းဆို

September 23, 2026

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင်ဆယ့်ငါးဦးနဲ့ဖွဲ့

September 23, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

ထိုင်းမှာ မြန်မာငါးဖမ်းလှေလုပ်သားတွေ ဓားထိုးမှုဖြစ်လို့ နှစ်ဦးဒဏ်ရာရ

September 23, 2026
​ဓာတ်ပုံ - JIM

မလေးရှားမှာ မြန်မာတဦးအပါအဝင် နိုင်ငံခြားသားငါးဆယ့်သုံးဦးဖမ်းခံရ

September 23, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page