Border News Agency
မန္တလေး၊ ဇန်နဝါရီ ၂၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တိုက်ပွဲတွေမှာ စစ်ကော်မရှင်ဘက်ကနှစ်ဆယ့်နှစ်ဦး သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ဇန်နဝါရီလ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ မြင်းခြံမြို့နယ်၊ နွားထိုးကြီးအနီးမှာဇန်နဝါရီလ၂၀ ရက်နေ့က စစ်ကော်မရှင်တပ်စစ်ကြောင်းကို MBT နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူတွေပေးပေမယ့်လည်း ခုနှစ်ဦးသေဆုံးခဲ့ပြီး ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းကိုMBT နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ BGF တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မြင်းခြံအနောက်ဘက် ပတ္တာကျေးရွာနဲ့ လေးအိမ်တန်းကျေးရွာကြားမှာ MBT နဲ့ MGN အညာသားပြောက်ကျားတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးအပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ငါးဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲဖြစ်စဉ်နှစ်ခုစလုံးအတွင်း စစ်ကော်မရှင်ဘက်ကနှစ်ဆယ့်နှစ်ဦး သေဆုံးပြီးနှစ်ဆယ်ကျော် ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့ MBT တပ်ဖွဲ့က ရဲဘော် နှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီးဆယ့်လေးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။






