Border News Agency
ဖားကန့်၊ ဖေဖော်ဝါရီ ၂။
ကချင်ပြည်၊ ဖားကန့်မြို့ရှိ စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၂ ရက်၊ ဒီနေ့မနက်က လက်နက်ကြီးကျရောက်ပေါ က်ကွဲလို့ကလေးတဦးဒဏ်ရာရသွားပါတယ်။
အဲဒီစာသင်ကျောင်းKG တန်းကိုလက်နက်ကိုကျရောက်ပေါက်ကွဲခဲ့တာမို့ က လေးငယ်ထိခိုက်ဒဏ်ရာရသွားတာပါ။
အဲဒီဖားကန့်မြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၁ ရက်နေ့မှစတင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦးဆောင်တိုက်ခိုက်နေပါတယ်။
အဲဒါကြောင့် တိုက်ပွဲတွေပြင်းထန်နေသလိုနှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေကြတာမို့ လက်နက်ကြီးတွေဟာ အရပ် သားနေရာတွေကို ကျရောက်ပေါက်ကွဲနေတာပါ။
အဲဒီဖားကန့်မြို့နယ်ရှိ စစ်ကော်မရှင်တပ်ဗျူဟာအပါအဝင်နေရာတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်တိုက်ခိုက်နေပါတယ်။






