Border News Agency
ကျောက်တော်၊ ဧပြီ ၁၁။
၁၇နှစ်ပြည့် အာရက္ခတပ်တော် (AA) နေ့သဝဏ်လွှာမှာ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လာမယ့် ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်တွေကို တော်လှန်ရေးရဲ့ လက်ကျန်အဆုံးအဖြတ် တိုက်ပွဲဝင်ရမယ့်နှစ်တွေအဖြစ် သတ်မှတ်ပြောကြားလိုက်ပါတယ်။
အာရက္ခဒေသတွင်းမြို့နယ်အများအပြားကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် ကျန်ရှိနေသေးတဲ့အရေးကြီးမြို့ကြီးတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်အားထုတ်သွားကြဖို့ တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်တပ်အနေနဲ့ တန်ပြန်ထိုးစစ်တွေပြုလုပ်လာနိုင်တာကြောင့် အာရက္ခတပ်တော်သားတွေအနေနဲ့ စစ်ရေးသတိအမြဲရှိနေကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့လည်းသတိပေးထားပါတယ်။
ဒါ့အပြင် တိုက်ပွဲကာလအတွင်းမှာ တပ်တော်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိကျစွာလိုက်နာပြီး ပြည်သူတွေရဲ့ယုံကြည်အားကိုးမှုကို ရရှိအောင် စံနမူနာပြနေထိုင်ကြဖို့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
ရရှိထားတဲ့စစ်ရေးအောင်မြင်မှုတွေကို အခြေခံပြီးအနာဂတ်အာရက္ခပြည်မှာ လူမျိုးပေါင်းစုံတန်းတူညီမျှ နေထိုင်နိုင်ရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဆိုပါတယ်။






