Border News Agency
မန္တလေး၊ ဧပြီ ၁၈။
တော်လှန်ရေးကာလအတွင်း မြို့အချို့ကို လက်လွှတ်ခဲ့ရပေမယ့် နယ်မြေဒေသတွေမှာ ပြောက်ကျားစစ်ဗျူဟာနဲ့ ရန်သူကို ပြန်လည်ဝိုင်းပတ်စိုးမိုးနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မနေ့က ကျရောက်တဲ့နှစ်သစ်ကူးသဝဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။
တော်လှန်ရေး ၅ နှစ်တာအတွင်း PDF တပ်မတော်ဟာ ရင့်ကျက်တည်ငြိမ်လာပြီး တခုတည်းသော ကွပ်ကဲမှုစနစ်ကို တည်ဆောက်နိုင်ခဲ့ပြီလို့ ဝန်ကြီးက ဆိုပါတယ်။
အဲဒီစစ်ရေးမဟာဗျူဟာတွေကို ပြန်လည်တည့်မတ်နေပြီး တနိုင်ငံလုံးလွှမ်းခြုံတဲ့ စစ်ဆင်ရေးတွေအတွက် ဦးဆောင်ကောင်စီ ရဲ့ကွပ်ကဲမှုနဲ့ ရှေ့ဆက်သွားမယ်လို့လည်းဆိုပါတယ်။
ရန်သူ့ဘက်မှာ တပ်ပြုန်းတီးမှု ကြီးမားနေသလို ထိုးစစ်တွေဟာလည်း အကန့်အသတ်နဲ့သာ ရှိတော့တာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်စွာ တောင့်ခံကြဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒါကြောင့် PDF နဲ့ ပကဖ ပူးပေါင်းတိုက်ခိုက်ရေးအင်အားကို ပိုမိုခိုင်မာအောင် တည်ဆောက်နေပြီး ရန်သူ့အားနည်းချက်ကို အခွင့်အရေးယူကာ တော်လှန်ရေးအောင်ပွဲကို ဖော်ဆောင်သွားမယ်လို့ လည်းဆိုပါတယ်။






