Border News Agency
အီရန်၊ဇွန် ၇။
အမေရိကန်ဘက်က တိုက်ပွဲတွေ တဖန်ပြန်လည်စတင်လာရင် မှောင်မိုက်တဲ့ စင်္ကြံထဲရောက်သွားမယ်လို့ အီရန်နိုင်ငံကသတိပေးပြောလိုက်တာကိုရိုက်တာသတင်းမှာဖော်ပြပါတယ်။
အီရန်ခေါင်းဆောင် အယာတိုလာ မိုဂျ်တာဘာ ခါမေနီရဲ့ စစ်ရေးအကြံပေး မိုဆန် ရီဇာအီက CNN နဲ့ သီးသန့်အင်တာဗျူးတခုမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆွေးနွေးပွဲတွေဟာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အဲဒီအကျပ်အတည်းကို ကျော်လွှားရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အီရန်နဲ့အမေရိကန်တို့ ယာယီသဘောတူညီချက် လက်မှတ်ရေးထိုးပြီးတာနဲ့တပြိုင်နက် ပိတ်ဆို့ထားတဲ့ အီရန်ရဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို ပြန်လည်ပေးအပ်ဖို့လည်း တောင်းဆိုထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ ပြင်းထန်နေတဲ့ အခြေအနေမှာ အီရန်ဘက်က အခုလို အဆုံးမရှိတဲ့ ပဋိပက္ခတွေကို ဦးတည်သွားစေနိုင်မယ့် ပြင်းထန်တဲ့ သတိပေးချက် ထုတ်ပြန်လာတာဟာ ဒေသတွင်း တည်ငြိမ်ရေးအတွက် ပိုမိုစိုးရိမ်စရာ ဖြစ်လာပါတယ်။






