Border News Agency
မိုးဗြဲ၊ဇူလိုင် ၉။
ကရင်နီပြည်၊မိုးဗြဲမှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အာဏာသိမ်းစစ်သားတဦးသေဆုံးသွားတယ်လို့ Pekhon Sky Predators Drone Force/Battalion-1006က ဇူလိုင်လ ၉ရက်နေ့ထုတ်ပြန်ပါတယ်။
မိုးဗြဲမြို့၊လွယ်ယင်းမင်္ဂလာကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို ဇူလိုင် ၂ ရက်နေ့က တော်လှန်ရေးတပ်တွေဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်သားတဦးသေဆုံးခဲ့သလိုသုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ရှမ်းတောင်-ကယား(ကရင်နီ)စစ်တိုင်း၊ ဗျူဟာအမှတ် ၁၄၊ ဖယ်ခုံ PDF ၁၀၀၆ ၊ မိုးဗြဲ PDF ၁၀၀၁ နဲ့ Falcon Wings တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။









