Border News Agency
ရမ်းဗြဲ၊ဇူလိုင် ၁၅။
ရမ်းဗြဲ – မအီ – တောင်ကုတ် အဝေးပြေးကားလမ်းမပေါ်က မင်းကြောင်းချောင်းတံတားကို ဇူလိုင်လ ၁၄ ရက်၊နေ့လည် ၃ နာရီကျော်အချိန်က အာဏာသိမ်းစစ် တပ်ကဂျိုင်ရိုကော်ပတာတွေနဲ့တိုက်ခို က်ခဲ့ပါတယ်။
အဲဒီမင်းကြောင်းချောင်းတံတားကို အာဏာသိမ်းစစ်တပ်ရဲ့သံဇစ်မြစ်ထဲကျောက်ချရပ်နားထားတဲ့ စစ်သင်္ဘောကဂျိုင်ရိုကော်ပတာနှစ်စီးနဲ့ရွယ်ရည်ချက်ရှိရှိ ဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီ ဗုံးတွေဟာ အရင်ကပျက်စီးနေလို့ ပြန်ပြင်နေတဲ့တံတားကြမ်းခင်းနေရာနဲ့ ဘေးတဖက်တချက်စီကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို အာဏာသိမ်းစစ်တပ်စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ပစ် ခတ်နေလို့ ပြည်သူတွေအန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊လမ်းတံတားတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိရေကြောင်း၊လေကြောင်းတိုက်ခိုက်နေပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်ရေကြောင်း၊လေကြောင်းတိုက် ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။






