Border News Agency
မအီ၊ဇူလိုင် ၁၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်၊မအီမြို့ကို ဇူ လိုင်လ ၁၉ ရက်၊ဒီနေ့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်၊မအီမြို့ကို ဇူ လိုင်လ ၁၉ရက်နေ့ မနက် ၁၁နာရီအချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်နှစ်စီးလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီမအီမြို့ကို အာဏာသိမ်းစစ်တပ်သုံးကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုအသေးစိတ်ကို မသိရသေးပါဘူး။
ရမ်းဗြဲ- မအီ- တောင်ကုတ်အဝေးပြေးကားလမ်းမပေါ်မင်းကြောင်းတံတားကို ဇူလိုင်လ ၁၄ ရက်နေ့က အာဏာသိမ်းစစ်တပ်ဂျိုင်ရိုကော်ပတာတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်လေကြော င်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေပါတယ်။






