Border News Agency
နေပြည်တော်၊ ဩဂုတ် ၁၅။
ရခိုင်ကနေရပ်စွန့်ခွာသူတွေပြန်လည်လက်ခံရေး နှစ်နိုင်ငံဖြေရှင်းရမယ့်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၅ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီကိစ္စကို နိုင်ငံတကာပြဿနာအဖြစ် ပုံဖော်နေတာတွေအပေါ် စိတ်မသက်မသာဖြစ်ရပြီး စိစစ်ပြီးသူတွေကို လုံခြုံသိက္ခာရှိစွာပြန်လာနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့မိတ်ဆွေနိုင်ငံတွေကို ပူးပေါင်းသွားမယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ပို့လာတဲ့လူဦးရေရှစ်သောင်းကျော်ထဲက ငါးသောင်းခွဲကျော်ကိုစစ်ခဲ့ပြီး ရခိုင်မှာအမှန်တကယ်နေထိုင်ခဲ့သူသုံးသောင်းကျော်ရှိတယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
အရင်အစိုးရလက်ထက်မှာလည်း စိစစ်ရေးတွေနဲ့ပြန်လက်ခံခဲ့ဖူးပြီး ရှေ့ပြေးစမ်းသပ်စီမံကိန်း(Pilot Project)တွေနဲ့ ပြန်လက်ခံနိုင်အောင်တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ထားတယ်လို့ဆိုပါတယ်။
ဒါပေမယ့်စိစစ်ပြီးသူတွေကို ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်လာမှသာ မြန်မာနိုင်ငံကညှိနှိုင်းပြီး ပြန်လက်ခံသွားမယ်လို့ ဆိုပါတယ်။
အဲဒီနေရပ်စွန့်ခွာသူတသန်းကျော်ရှိနေတယ်လို့ နိုင်ငံတကာကဆိုပေမယ့်ခုနှစ်သိန်းလေးသောင်းကျော်သာထွက်ပြေးသွားတာတွေ့ရတယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။
အဲဒီပြန်လက်ခံမယ့်နေရာအားလုံးကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။






