Border News Agency
မီဇိုရမ်၊ ဩဂုတ် ၂၈။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့၊ Zuangtui မှာ မြန်မာနိုင်ငံသားတဦးဆီမှ အလေးချိန် ၈၂ ဂရမ်ရှိ ရွှေခဲတတုံးဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က သြဂုတ်လ ၂၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ Zuangtui ကို အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ဩဂုတ်လ ၂၄ ရက်က ဝင်ရောက်ရှာဖွေခဲ့ရာ တန်ဖိုး ၁၃ ဒသမ ၀၆ ဂရမ် (ရူပီး ၁ ဒသမ ၃ သန်းကျော်)ရှိတဲ့ ရွှေခဲနဲ့အတူမြန်မာနိုင်ငံသားကို ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိသူကို Bawngkawn ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး သိမ်းဆည်းရမိတဲ့ ရွှေခဲကိုလည်းဥပဒေအတိုင်း အရေးယူနိုင်ဖို့ အကောက်ခွန်ဌာနဆီအပ်နှံထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက တင်းကြပ်စွာ စစ်ဆေးနေပြီး တရားမဝင် ရွှေ၊ မူးယစ်ဆေးဝါးနဲ့ အခြားမှောင်ခိုပစ္စည်းတွေ ကူးသန်းရောင်းဝယ်မှုကို ဟန့်တားနိုင်ဖို့ စစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်နေပါတယ်။
အဲဒီအပြင်တရားမဝင် မှောင်ခိုလုပ်ငန်းတွေကို တားဆီးဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက ပူးပေါင်းစစ်ဆင်ရေးတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။






