Border News Agency
ပုဏ္ဏားကျွန်း၊နိုဝင်ဘာ ၁၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ပေါင်ငါးရာ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ဆယ့်နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာလ ၁၃ ရက်၊ ညနေ ၇ နာရီအချိန်က အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းအတွင်း နေထိုင်သူ ဆယ့်နှစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိနေပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်ပါတယ်။
အဲဒီအဉ္ဇနပူရမြို့နယ်ရှိ စွန်ရဲတံတားကို နိုဝင်ဘာလ ၁၄ ရက်၊ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စွန်ရဲတံတား အများအပြားပျက်စီးသွားခဲ့ပြီး လူထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။
အဲဒီမြောက်ဦးမြို့၊ကြက်ဈေးရပ်ကွက်ရှိ လူနေအိမ်တွေ၊ဘုန်းကြီးကျောင်းနဲ့ မူလတန်းစာသင်ကျောင်းအနီးသို့ နိုဝင်ဘာလ ၁၂ ရက်နေ့က အာဏာသိမ်းစစ်တပ်ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး ခုနှစ်နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် ရှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။







