Border News Agency
အဥ္ဇနပူရ၊ နိုဝင်ဘာ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အဉ္ဇနပူရမြို့နယ်၊ စွန်ရဲကျေးရွာတံတားကို နိုဝင်ဘာလ ၁၄ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကွန်ကရစ်တံတား ကြမ်းခင်းအပိုင်းပေါက်ထွက်ကာ သံချောင်းတွေ ထွက်ပေါ်ပျက်စီးသွားခဲ့သလို တံတားဘေးလက်ရန်းအချို့လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
ခုလက်ရှိမှာတော့ခရီးသွားပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့အတွက် ဗုံးထိမှန်ပေါက်ထွက်သွားတဲ့ တံတားအပိုင်းကို သစ်သားတန်းတွေနဲ့ ယာယီကာရံထားရတဲ့ မြင်ကွင်း ဖြစ်ပါတယ်။







