Border News Agency
နောင်ချို၊ ဇူလိုင် ၇ ။
နောင်ချိုမြို့နယ်ရှိကျောက်ကြမ်း၊ အောင်ချမ်းသာ၊ ရေမောင်းတန်း၊ နောင်လင်နဲ့ မျက်ချီးနုကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့တအာင်းတပ်မတော်ကြားတိုက်ပွဲဆက်ဖြစ်တယ်လို့ ဇူလိုင်လ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ကျောက်ကြမ်းကျေးရွာအနီးတိုက်ပွဲမှာ ဇူလိုင်လ ၆ ရက်နေ့ စစ်ကောင်စီတပ်မှလက်နက်ကြီးနှစ်ဆယ့်လေးလုံး၊ ဒရုန်းအလုံးသုံးဆယ်ထိပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်နောင်လင်ကျေးရွာကို ဒရုန်းဖြင့်ဗုံးဆယ့်ခြောက်လုံး၊လက်နက်ကြီးအလုံးလေးဆယ်ထိပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။
လုံစံကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်လေကြောင်းမှဗုံးသုံးဆယ်နှစ်လုံး၊လုံဖာကျေးရွာကို ဗုံးနှစ်လုံးနဲ့ တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောင်ချိုမြို့နယ်ရှိ ကျောက်တော၊ ကျောက်ကြမ်း၊နောင်လင်၊မျက်ချီးနုကျေးရွာတွေကို ဇူလိုင်လ ၅ရက်နေ့က စစ်ကောင်စီတပ်မှလက်နက်ကြီးနှစ်ဆယ့်ခုနှစ်လုံး၊ဒရုန်းဗုံးတလုံးနဲ့ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာ ကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။






