Border News Agency
စစ်ကိုင်း၊စက်တင်ဘာ ၉။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသား၄ဦး၊ ကလေး၁ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရသွားတယ်လို့ ဝက်လက်သတင်းကွန်ရက်မှ စက်တင်ဘာလ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒိီနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်က သစ်ဆိပ့်၊ အင်ဒေါင်း၊ ရုံပင်ကုန်း၊ မင်းကုန်း၊ နဘဲပင်လှ၊ တပ်သာကျေးရွာတွေကို ရွည်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်လို့ အမျိုသား ၄ဦး၊ ကလေးငယ် ၁ ဦးအပါဝင် သေဆုံးပြီး ၁၃ ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ဆိုပါတယ်။
စစ်ကောင်မရှင်တပ်ဟာတိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားပြည်သူတွေကို နေ့စဥ်လိုလိုသတ်ဖြတ်နေတယ်လို့ဆိုပါတယ်။















