Border News Agency
တနင်္သာရီတိုင်း၊ နိုဝင်ဘာလ ၁၄။
ထိုင်း – မြန်မာနယ်စပ်၊ မောတောင်မြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်းလေးဆယ်ကျော် ဖမ်းမိခဲ့တယ်လို့ BPLA က ထုတ်ပြန်ပါတယ်။
အဲဒီ နယ်စပ်မြို့ကို နိုဝင်ဘာလ ၁၄ ရက်၊ ဒီနေ့ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီမြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နဲ့ Force for Federal Democracy (FFD) တွေ ပူးပေါင်းတိုက်ခိုက်တာပါ။
အဲဒီက လက်နက်ခဲယမ်းတွေအပါအဝင် ၁၂၀ မမ လက်နက်ကြီးနှစ်လက်၊ ပွိင့်ဖိုင်းစက်သေနတ်တလက်၊ ၆၀ မမ သုံးလက်၊ RPG နှစ်လက်နဲ့ လက်နက်ငယ်သုံးဆယ်ခြောက်လက် ပါဝင်တယ်လို့ ဆိုပါတယ်။












