Border News Agency
ဆားလင်းကြီး၊ နိုဝင်ဘာ ၁၄။
ဆားလင်းကြီးမြို့နယ်မှာ ၁၀၅ နှစ်မြောက် အမျိုးသားနေ့အဖြစ် စစ်အာဏာရှင်ဆန့်ရှင်ရေးဆန္ဒပြသပိတ်မှောက်ခဲ့ကြတယ်လို့ အညာပစ်တိုင်းထောင်လေးများ လူထုသပိတ်ကော်မတီထုတ်ပြန်ပါတယ်။
အဲဒီဆားလင်းကြီးမြို့နယ်မှ ရွာသူရွာသားတွေနဲ့ အညာပစ်တိုင်းထောင်လေးတွေ လူထုသပိတ်ကော်မတီပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြတာပါ။
တော်လှန်ရေးရဲ့အဆုံးအဖြတ်ဟာ လူထုမှတပါးအခြာမရှိ၊ လူသတ်စစ်ကောင်စီအလိုမရှိ၊ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်တပ်အလိုမရှိစတဲ့ ဆောင်ပိုဒ်တွေနဲ့ဆန့်ကျင်သပိတ်မှောက်နေကြတာဖြစ်ပါတယ်။
အဲဒီအပြင် ကျွန်စစ်မခံတို့တော်လှန်အမျိုးသားရေးအဋိဌာန်ဆိုပြီးတော့လည်း ဆန့်ကျင်သပိတ်မှောက်နေကြတာဖြစ်ပါတယ်။














