Border News Agency
မန္တလေး၊ နိုဝင်ဘာ ၁၉။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးသွားတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နိုဝင်ဘာလ ၁၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလက်ပံကျေးရွာကို နိုဝင်ဘာလ ၁၉ ရက်၊ ဒီနေ့ညနေက စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လက်ပံပြန့်ကျေးရွာမှ အရပ်သားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ် လှုပ်ရှားစိုးမိုးရာနယ်မြေတွေဖြစ်တဲ့ သပိတ်ကျင်း၊ မတ္တရာနဲ့စဉ့်ကူးမြို့နယ်မှာ အတုအယောင်ရွေး ကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
အဲဒီမြို့နယ်တွေမှာ နေ့စဉ်စစ်ရေးလှုပ်ရှားတာတွေရှိနေတာကြောင့် ပြည်သူတွေဘေးအန္တရာယ်ကင်းဖို့ လိုအပ်တာတွေကြိုတင်ပြင်ဆင်ထားဖို့ကိုလည်း အသိပေးထားပါတယ်။










