Border News Agency
ပေါက်၊ နိုဝင်ဘာ ၂၅။
ပေါက်မြို့နယ်၊ အနောက်တောင်ဘက် ဇုန်-၁နယ်မြေကျောက်မဲတောင်ကျေးရွာမှ နေအိမ်တချို့ကို စစ်ကော်မရှင်တပ် မီးရှိ့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ရဲ့ စက်နက်လက်ပစွည်းစက်ရုံမှ ထွတ်လာတဲ့တပ်ဖွဲ့ဝင်အင်အားနှစ်ရာ့ငါးဆယ်ကျော်ဟာ ကျောက်မဲတောင်ကျေးရွာမှ နေအိမ်ဆယ့်ငါးလုံးကို နိုဝင်ဘာလ ၂၃ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်ကျောက်မဲတောင်ကျေးရွာအပါဝင် ကျေးရွာဆယ့်တရွာမှလူဦးရေလေးထောင်ကျော်မှာ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်တွေမှာ နေရပ်စွန့်ခွာနေကြရတယ်လို့ ဆိုပါတယ်။
အဲဒီနေရာတွေမှာ စစ်ဘေးရှောင်နေရတာ လေးလကျော်ကြာလာတာကြောင့် စစ်ဘေးရှောင်တွေအတွက် ယာယီတဲတွေ၊ စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင် အကူအညီတွေလိုအပ်နေတယ်လို့ဆိုပါတယ်။














