Border News Agency
လွိုင်ကော်၊ ဒီဇင်ဘာ ၅။
ကရင်နီပြည်၊ လွိုင်ကော်အရှေ့ဘက်ခြမ်းဒေသမှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကမ်ပိန်းပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်လူငယ်များသမဂ္ဂက ဒီဇင်ဘာလ ၅ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဓာတ်ပုံကမ်ပိန်းကို ဒီဇင်ဘာလ ၃ ရက်နေ့က လွိုင်ကော်အရှေ့ဖက်ခြမ်းမြေပြင်တနေရာမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ လှုပ်ရှားမှုကမ်ပိန်းဟာ စစ်ကော်မရှင်မှပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့နဲ့ ရွေးကောက်ပွဲဟာတရားမဝင်ကြောင့် ပြည်သူတွေသိနိုင်စေဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။
ဓာတ်ပုံလှုပ်ရှားမှုကမ်ပိန်းမှာ “သင့်မဲကြောင့် လူသတ်ခွင့်မပြုနှင့်၊ လူထုအားသတ်ဖြတ်နေသည့်စစ်အာဏာရှင် မင်းအောင်လှိုင်ကျဆုံးစေ၊ လေယာဉ်ဆီစီးဆင်းမှုအရေးယူပိတ်သိမ်းပေးရန်၊ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ၊ ကျားဖြန့်ခေါင်းဆောင်မင်းအောင်လှိုင် ကုလအမြန်ဖမ်းပါ” စတဲ့ စတန်းပါဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာပါ။
လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းမှာ အုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်လှုပ်ရှားမှုဟာနှစ်ကြိမ်အထိ ပြည်သူတွေကဆန္ဒပြတာတွေ လုပ်ခဲ့တယ်လို့ဆိုပါတယ်။











