Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး သတင်း အမျိုးသမီးကဏ္ဍ

ဘင်္ဂလားဒေ့ရှ်မှာအမျိုးသမီးငယ်တွေအွန်လိုင်းပေါ်စော်ကားခံရမှုအရှိန်မြင့်တက်လာ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ ဒီဇင်ဘာ ၅။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအမျိုးသမီးငယ်တွေအွန်လိုင်းပေါ်စော်ကားခံရမှုအရှိန်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂအ မျိုးသမီးအဖွဲ့က ဆိုပါတယ်။

အွန်လိုင်းပေါ်မှာ ကျား၊မခွဲခြားစော်ကားမှုတွေကိုတိုက်ဖျက်ဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့UNWomenနဲ့ UNDP ဟာ ပညာပေးဇာတ်လမ်းတွေရိုက်ကူးပြီး လူငယ်တွေကြားပညာပေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ဆောင်ရွက်နေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငယ်ရွယ်နုပျိုတဲ့ အမျိုးသမီးတွေမှာ ဒီဂျစ်တယ်အကြမ်းမှုတွေ နေ့စဥ်ရှိနေတယ်လို့ ဆိုပါတယ်။

အာရှပစိဖိတ်ဆိုင်ရာကုလသမဂ္ဂအမျိုးသမီးအဖွဲ့(UN Women Asia and Pacific)ရဲ့ အသစ်ရရှိထားတဲ့အချက်အလက်တွေအရ စော်ကားနှိမ့်ချမှု၊ ခြိမ်းခြောက်မှုနဲ့လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို ဘင်္ဂလားဒေ့ရှ်ကအမျိုး သမီးငယ်တွေ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးငယ်တွေဟာ လူမှုကွန်ရက်မှ နေ့စဉ်ဘဝထိခြိမ်းခြောက်မှုတွေမြင့်တက်လာပြီး ဒါဟာအမျိုးသမီးတွေအတွက်အကြောက်တရားပတ်ဝန်းကျင်ကို ဖြစ်လာစေတယ်လို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ လူမှုကွန်ရက်ကတဆင့် သတင်းစကားပါးထားပါတယ်။

ဒီလိုအမျိုးသမီးငယ်တွေကို ခြိမ်းခြောက်မှုတွေဟာ ၂၀၂၄ ခုနှစ်နိုင်ငံရေးက သောင်းကနင်းဖြစ်ပြီးနောက်ပိုင်းမှာ ပိုဆိုးလာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘင်္ဂလားဒေရှ့်ဆိုင်ရာ UN Women အဖွဲ့နဲ့ UNDP က ပညာပေးရုပ်သံဇာတ်လမ်းတွေကို ရိုက်ကူးနေပါတယ်။

ရံပုံငွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးကပေးပါတယ်။

လူငယ်တွေကြားမှာဒီဂျစ်တယ်အကြမ်းဖက်မှုတွေအပေါ် ပြန်လည်တုန်ပြန်နိုင်ဖို့ကို ရည်ရွယ်ပါတယ်။

လူပေါင်းထောင်ချီပါဝင်တဲ့ဆိုရှယ်ပလက်ဖောင်းတခုကို တည်ဆောက်ထားပြီး အဲဒီပလက်ဖောင်းမှစော်ကားမှုတွေ၊ခြိ မ်းခြောက်မှုတွေကို ပြန်လည်တုန့်ပြန်ဖို့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် Daily Sun သတင်းစာက အဲဒီပလက်ဖောင်းဟာ နိုင်ငံအတွင်း မတရားမှုတွေ၊ ချိုးဖောက်မှုတွေကို သတင်းပေးဖို့အတွက်အသုံးပြုလို့ရနိုင်တယ်လို့ ဆိုပါတယ်။

UN Women အဖွဲ့ကတော့တချို့စော် ကားမှုတွေဟာ နေ့စဉ်ဘဝမှာ ထမင်းစားရေသောက်သလို သေးငယ်တဲ့ အရေးမကြီးပုံရှိနေပေမယ့် ထိခိုက်ခံစားရသူအတွက် နာကျင်နိုင်တယ်လို့ ဆိုပါတ ယ်။

စော်ကားခံရသူဘက်က ရပ်တည်ပေးဖို့နဲ့ကောင်းတဲ့အပြောင်းအလဲကို ဦးတည်ဖို့အတွက် အဲဒီပလက်ဖောင်းကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

လူငယ်တော်တော်များများဟာ အွန်လို င်းပေါ်မှာစော်ကားမှုနဲ့ ခြိမ်းခြောက်မှုတွေကို အမျိုးသမီးငယ်တွေအတွက် ကျား၊မ အခြေပြုအကြမ်းဖက်မှုဖြစ်တယ်လို့ သိမြင်မှုသိပ်မရှိကြပါဘူး။

အဲဒီလိုအခြေအနေတွေကြောင့် အမျိုးသမီးငယ်တွေဟာ အွန်လိုင်းပေါ်မှာ စော်ကားခံရရင်အကူအညီတောင်းရမှာစော်ကားမှုကိုပြန်လည်တုန့်ပြန်ရမှာထက် ပုဂ္ဂလိကဆိုင်ရာအရှက်တရားကြောင့် နုတ်ပိတ်နေကြတာ များပါတယ်။

ဒါဟာ စော်ကားမှုတွေကို ကိုယ်တိုင်က သဘောတူသလိုဖြစ်နေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကျား၊ မ အခြေပြုအကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွင်းမှာကို အွန်လိုင်းပေါ်က စော်ကားမှု၊ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။

လက်ရှိမှာ စော်ကားမှု၊ခြိမ်းခြောက်မှုတွေက နိုင်ငံရေးထဲပါဝင်နေတဲ့ အမျိုး သမီးငယ်တွေဆီကို ဦးတည်နေပါတယ်။

ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တဦး ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူမကို နိုင်ငံ ရေးရည်ရွယ်ချက်ရှိရှိ နောက်သလိုပြောင်သလို Trolling ကြပါလိမ့်မယ်။

ဇာတ်လမ်းအတု အချက်အလက်အတုနဲ့ တိုက်ခိုက်ပါလိမ့်မယ်။နိုင်ငံရေးအရ ခြိမ်းခြောက်ပါလိမ့်မယ်။

အဲဒီအမျိုးသမီးငယ်ရဲ့နေ့စဉ်ဘဝကို ရိုက်ခတ်သွားအောင် တိုက်ခိုက်ကြပါလိမ့်မယ်။

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေဟာ ဒီဂျစ်တယ်နယ်ပယ်ထဲမှာ တရားမျှတမှုကိုရရှိဖို့၊ခိုင်မာသောဥပဒေအကာအကွယ်ရှိလာဖို့ ကိုတောင်းဆိုသင့်ပါတယ်။

စော်ကားခြိမ်းခြောက်မှု အချက်အလက်တွေကို စုဆောင်းထားပေးသင့်ပါတယ်။

ကျူးလွန်သူတွေပြန်လည်တာဝန်ခံလာအောင်လုပ်ဆောင်ရကိစ္စရပ်တွေဘက်က ရပ်တည်သင့်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကအမျိုးသမီးငယ်တွေကို ဒီဂျစ်တယ်အကြမ်းဖက်မှုမှ ကာကွယ်ဖို့နဲ့ ဒီဂျစ်တယ်ရပ်ဝန်းမှာ ဘေးကင်းလုံခြုံမှုရှိလာဖို့ချက်ချင်းလက် ငင်းပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့ UN Women အဖွဲ့က ဆော်ဩနေပါတယ်။

မူရင်း…

  • https://bayofbengalpost.com/news/bangladesh_online_abuse_spike_un_women
PrevPreviousကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံး
Nextလွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်Next
Previous Post

ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးသေဆုံး

Next Post

လွိုင်ကော်မှာ စစ်ကော်မရှင်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေး ကမ်ပိန်းပြုလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ငြင်းဆိုချေပ

January 16, 2026
Photo - RW

ပလက်ဝမှာ အရက်လုပ်ငန်းတွေကို အာရက္ခအစိုးရစစ်ဆေးနေ

January 16, 2026

​ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က စတင်လျှောက်လဲ

January 16, 2026
ဓာတ်ပုံ - ချိုမိုင်မိုင် - ကနီ

ဘုတလင်မှာ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

January 16, 2026

ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ငြင်းဆိုချေပ

ပလက်ဝမှာ အရက်လုပ်ငန်းတွေကို အာရက္ခအစိုးရစစ်ဆေးနေ

ကရိန်းပြုတ်ကျမှုကြောင့် ထိုင်းဝန်ကြီးချုပ် အရေးပေါ်အမိန့်ထုတ်

​ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က စတင်လျှောက်လဲ

ဘုတလင်မှာ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

“အဘွားက ကြုံရာကျပန်းအလုပ်တွေလုပ်ပါတယ်။ အဖွဲ့အစည်းကတော့ အရင်တုန်းကတော့ပေးတယ်။ ခုတော့ ပေးဖို့မရောက်လာဘူး။ အဲဒါကြောင့်စားဝတ်နေရေးအခက်အခဲတွေရှိတယ်။”

Releated Post

ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှုမကျူးလွန်ခဲ့ကြောင်း စစ်ကော်မရှင်ဘက်က ငြင်းဆိုချေပ

January 16, 2026
Photo - RW

ပလက်ဝမှာ အရက်လုပ်ငန်းတွေကို အာရက္ခအစိုးရစစ်ဆေးနေ

January 16, 2026
Photo - PPTV  HD 36

ကရိန်းပြုတ်ကျမှုကြောင့် ထိုင်းဝန်ကြီးချုပ် အရေးပေါ်အမိန့်ထုတ်

January 16, 2026

​ICJ တရားရုံးမှာ မြန်မာနိုင်ငံဘက်က စတင်လျှောက်လဲ

January 16, 2026
ဓာတ်ပုံ - ချိုမိုင်မိုင် - ကနီ

ဘုတလင်မှာ စစ်ကော်မရှင်တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

January 16, 2026

“အဘွားက ကြုံရာကျပန်းအလုပ်တွေလုပ်ပါတယ်။ အဖွဲ့အစည်းကတော့ အရင်တုန်းကတော့ပေးတယ်။ ခုတော့ ပေးဖို့မရောက်လာဘူး။ အဲဒါကြောင့်စားဝတ်နေရေးအခက်အခဲတွေရှိတယ်။”

January 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page