Border News Agency
ဖားကန့်၊ ဒီဇင်ဘာ ၁၃။
ကချင်ပြည်၊ ဖားကန့်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး All In One Piece Movement လှုပ်ရှားမှု တွေပြုလုပ်နေပါပြီ။
အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၃ ရက်၊ ဒီနေ့မှာ ဖားကန့်မြိုနယ်၊ မော်လှည့်သပိတ်စစ်ကြောင်းက ဦးဆောင်ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာပြည် သူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။














