Border News Agency
ဩစတြေးလျ၊ ဒီဇင်ဘာ ၁၃။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး All In One Piece Movement လှုပ်ရှားမှုတွေ ပြုလုပ်နေပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာလ ၁၃ ရက်၊ ဒီနေ့မှာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာပြည် သူတွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်းက ဦးဆောင်ပြုလုပ်တာဖြစ်ပြီး ထင်ရှားတဲ့အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူ တွေလည်း ပါဝင်နေကြပါတယ်။



















