စစ်တွေခရိုင်

ရသေ့တောင်မှာသုံးရက်အတွင်း မိုင်းနဲ့ ဗုံးသီး ၂၀၀ ကျော် AA ရှင်းလင်း

Border News Agencyရသေ့တောင်၊ မတ် ၂၀။ ​ရသေ့တောင်မြို့နယ်အတွင်း မြို့သိမ်းတိုက်ပွဲကာလက စစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းရေးလုပ်ဆောင်ရာသုံးရက်အတွင်း မိုင်းနဲ့ဗုံးသီး ၂၁၀ လုံး တူးဖော်ရရှိခဲ့ပါတယ်။ မတ်လ ၁၇ ရက်ကနေ...

Read more

ဒေါက်တာစန်းရွှေကို ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေး

Border News Agencyစစ်တွေ၊ မတ် ၂၀။ ဒေါက်တာစန်းရွှေကို တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ်ရွေးလိုက်ပါတယ်။ အဲဒီရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မတ်လ ၂၀ ရက်၊ဒီနေ့စတင်ကျင်းပခဲ့တာပါ။ အဲဒီမှာရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်တွေမဲဆန္ဒနယ်အမှတ် ၂ က ဒေါက်တာစန်းရွှေအရွေးခံရတာပါ။ အဲဒီအပြင်...

Read more

အာရက္ခပြည်မှာကျင်းပတဲ့ မြိုအမျိုးသားနေ့

Border News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၉။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ​၉ ကြိမ်မြောက်မြိုအမျိုးသားနေ့ကို မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲ​ဒီပွဲကို ULA/AAတာဝန်ရှိသူတွေအပြင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ဒေသခံလေးရာကျော်တက်ရောက်ခဲ့ကြတာပါ။ အဲဒီပွဲမှာ မြိုရိုးရာအကအလှတွေ၊ တေးဂီတတွေနဲ့ဖျော်ဖြေခဲ့ကြသလို ULA/AA...

Read more

​အာရက္ခဒေသတိုက်ပွဲတွေမှာကလေးနဲ့ အမျိုးသမီးအများစုသေဆုံး

​Border News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၅။ ​အာရက္ခဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူတွေထဲမှာကလေးငယ်တွေနဲ့ အမျိုးသမီးတွေက ၅၇ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ Data for Myanmar အဖွဲ့ရဲ့အစီရင်ခံစာအရ သိရပါတယ်။...

Read more

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

Border News Agencyရသေ့တောင်၊ မတ် ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ အမည်မသိအမျိုးသားအလောင်းတခုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေအနီးမှာ မတ်လ ၉ရက်နေ့၊ညနေ ၆နာရီအချိန်ခန့်က လူသေအလောင်းတလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။ ဒုံးပိုက်ရွာမှ ဦးမောင်ကျော့ဟန်ဟာ...

Read more

​အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ကြောင့် တလအတွင်း အမျိုးသမီး ၂၂ ဦးသေဆုံး

Border News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၀။ စစ်ခေါင်းဆောင်အာဏာသိမ်း ၅ နှစ်တာကာလမှာ စစ်ရာဇဝတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အာရက္ခဒေသဟာ အမျိုးသမီးသေဆုံးမှု အများဆုံးဒေသဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့ရာမှာ အာရက္ခဒေသက...

Read more

ရွှေမင်းဂံရေတပ်ဗျူဟာကို အာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်နေ

Border News Agencyစစ်တွေ၊ မတ်လ ၃။ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်၊ ကုလားတန်မြစ်ထွက်ဝကိုထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရှိစစ်ကော်မရှင်တပ်ရဲ့အမှတ် ၃ ရေတပ်ဗျူဟာကို အာရက္ခတ ပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပု ဏ္ဏားကျွန်းမြို့နယ်အစပ်နေရာအားလုံးမှာစစ်ကော်မရှင်တပ်ဟာ ရေတပ်စစ်သ...

Read more

စစ်တွေခရိုင်ကစစ်ရှောင်နဲ့ ဒေသခံ ၅၀၀ နီးပါးကိုအာရက္ခအစိုးရ ကျန်းမာရေးစောင့်ရှောက်မှုပေး

Border News Agency  စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ ​စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို  အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ​အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ ​အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ ​အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။

Read more

ယိုးငူလေကြောင်းတိုက်ခိုက်ခံမှု သေဆုံးသူ ၂၀ ဦးထိရှိလာ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။  အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ​စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။

Read more

​ယိုးငူရွာ လေကြောင်းတိုက်ခိုက်ခံရမှုအမျိုးသမီး ၁၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ​ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၆ ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးသေဆုံးသွားတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်စာရင်းတွေအရ သိရပါတယ်။ အဲဒီ ယိုးငူကျေးရွာဖေဖော်ဝါရီလ၂၄ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အခုလို သေဆုံး၊ဒဏ်ရာရသူတွေများပြားခဲ့တာပါ။ အဲဒီ အသက် ၃၁ နှစ်အရွယ်ဒေါ်စိုးစိုးနွယ်၊ အသက် ၅၆ နှစ်အရွယ် ဒေါ်မသိန်းခင်၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဆန်းဆန်းဝင်း၊အသက် ၅၆ နှစ်အရွယ် ဒေါ်လှသာနု၊ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးစံလှ၊ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်မူ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်စင်မာအေး၊ အသက် ၁၄ နှစ်အရွယ် မစိုးသဇင်မိုး၊ အသက် ၆ နှစ်အရွယ် မမျိုးသက်နွယ်၊ အသက် ၇၀ နှစ်အရွယ် ဒေါ်မဗုစိန်၊ အသက် ၃၁ နှစ်အရွယ် ဒေါ်မချေ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စောမြယဉ်နဲ့ အသက် ၁၅ နှစ်အရွယ် မအိမြတ်ဝေ၊ အသက် ၅၂ နှစ်အရွယ် ဒေါ်ဦးမြတင်၊အသက်ခုနှစ်နှစ်အရွယ်ဒေါ်မညို၊အသက် ၄၄ နှစ်အရွယ် ဒေါ်ဇင်မာအေး တို့ သေဆုံးခဲ့ကြပါတယ်။ အဲဒိီအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်နုနု၊ အသက် ၄ နှစ်အရွယ် မခိုင်စန္ဒာလင်း၊ အသက် ၆ နှစ်အရွယ် မမြတ်စန္ဒာစိုး၊ အသက် ၇ နှစ်အရွယ် မသွယ်သွယ်ဖြိုး၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ခိုင်စိုးဝေ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သောင်းမြစိန်၊ အသက် ၃၆ နှစ်အရွယ် ဒေါ်မအေးသိန်း၊ အသက် ၃၉ နှစ်အရွယ် ဒေါ်မချေကြီး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်အေးသိန်းမြနဲ့ အသက် ၄၃ နှစ်အရွယ် ဒေါ်မရွှေသန်း ဒဏ်ရာရသွားခဲ့ကြတာပါ။  ​အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်သင်္ဘောတွေက လက်နက်ကြီး၊လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။  အဲဒီလို လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေ၊စျေးတွေ၊စစ်သုံ့ပန်းထားရှိတဲ့နေရာတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် အရပ်သားတွေ နေ့စဥ်နဲ့အမျှ သေဆုံး၊ဒဏ်ရာရနေကြရပါတယ်။

Read more
Page 1 of 18 1 2 18

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here