Border News Agency
ရန်ကုန်၊ ဇန်နဝါရီ ၁၈။
ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ ၃ မှာ ဇန်နဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်က ရဲဘော်တွေနဲ့တာဝန်ခံတွေစုပေါင်းပြီး ၂ ရက်တာ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာ ဗဟိုရဲ့ အဆုံးအဖြတ်တွေကို ပြန်လည်ဆွေးနွေးခဲ့ကြသလို ဒေသတည်ဆောက်ရေးလုပ်ငန်းစဉ်တွေ ပိုပြီးခိုင်မာလာအောင်အလုပ်တာဝန်တွေကို အသစ်ပြန်ခွဲဝေခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တိုက်ပွဲဖော်ဆောင်ဖို့အတွက် စစ်လက်နက်ဖြည့်တင်းရေး၊ ပြန်ကြားရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ အရေးကြီးတဲ့ရှေ့လုပ်ငန်းစဉ်တွေကိုလည်း တာဝန်ခံအသီးသီးက တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအစည်းအဝေးအပြီးမှာတော့ ကျဆုံးသွားတဲ့စစ်ဒေသတာဝန်ခံနဲ့ ရဲဘော်တွေရဲ့တော်လှန်ရေးရည်မှန်းချက်ကိုဆက်ကိုင်စွဲပြီး ခရီးဆုံးအထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ BLDF ရဲဘော်တွေက သစ္စာဆိုခဲ့ကြပါတယ်။













