Border News Agency
မူး၊ ဇန်နဝါရီ ၂၃ ။
လယ်ဒိုနဲ့ မူးမြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၂၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ လယ်ဒိုမြို့နယ် ဇရပ်ခင်ကျေးရွာထဲကို ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီးကျည် မမ နှစ်လုံးပစ်ခတ်ခဲ့တာကြောင့် အသက်သုံးဆယ်ငါးနှစ်အရွယ် ဒေါ်သီတာစန်း ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မူးမြို့နယ်၊ ကပ်ကြီးဆိပ်ကျေးရွာကို ဇန်နဝါရီလ၂၀ ရက်နေ့က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဦးမဲလုံးနဲ့ ကျော်မင်းထက်တို့ သေဆုံးသွားပြီး အသက်ဆယ့်သုံးနှစ်အရွယ် ကိုမင်းခန့်နဲ့ မေကဗျာတို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
နောက်ပြီး နတ်လောင်းကြီးကျေးရွာကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဂျိုင်ရိုကော်ပတာနဲ့ပစ်ခတ်လို့ အသက်ခြောက်ဆယ်ငါးနှစ်
အရွယ် ဦးသောင်းစိန်သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။










