Border News AGency
မူး၊ ဇန်နဝါရီ ၂၆။
မူးမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားလေးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဇန်နဝါရီလ ၂၅ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေကိုပြုလုပ်ခဲ့တာမို့ အရပ်သားလေးဦးဒဏ်ရာရသွားသလို နေအိမ်သုံးလုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးမြို့နယ်မှာ စစ်ကော်မရှင်တပ်မှ ဇန်နဝါရီလ ၂၃ရက်နေ့ကလည်း သံဘိုတပ်ရင်းရှိ မာနီကွင်းကို ၆၀ မမ လက်နက်ကြီးခြောက်လုံးပစ်ခတ်ခဲ့လို့ နိုတောတာကျေးရွာနေ အသက်နှစ်ဆယ့်ငါးနှစ်အရွယ် နော်ဖောတရာထီးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရေလဲအနောက်ဘက်ကမ်းကျေးရွာကို ဇန်နဝါရီလ ၂၄ ရက်နေ့က တောင်ငူလေတပ်မှ လေကြောင်းမှဗုံးလေးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်မှုကြောင့် ရေလဲအနောက်ဘက်ကမ်းကျေးရွာမှ အသက်ငါးဆယ့်ငါးနှစ်အရွယ် ဦးနိုင်ဦး၊ အသက်ခုနှစ်ဆယ်ငါးနှစ်အရွယ် ဦးတိုးရွှေ၊ အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်မသီသီတို့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။















