Border News Agency
အီရတ်၊ မတ် ၁၄။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးဟာ မတ်လ ၁၃ ရက်နေ့က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ပစ်မှတ်တွေ ဆက်တိုက်တိုက်ခိုက်ခံနေရတဲ့ ဖြစ်စဉ်တွေထဲက တခုဖြစ်ပြီး သံရုံးဝင်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သံရုံးအနီးမှာပေါက်ကွဲသံတွေကြားခဲ့ရသလို သံရုံးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်း တုံ့ပြန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အီရတ်အစိုးရဘက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
လက်ရှိမှာတော့ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးဝန်းကျင်မှာ လုံခြုံရေးတွေကို အမြင့်ဆုံး တိုးမြှင့်ထားတယ်လို့သိရပါတယ်။










