Border News Agencyစစ်တွေ၊ မတ် ၂၄။ အာဏာသိမ်းစစ်တပ်ရဲ့တရားမဝင်ရခိုင်ပြည်နယ်လွှတ်တော်မှာ ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးလေ့လာရေးကော်မတီနဲ့လွှတ်တော်ကိုယ်စားလှယ်တွေစိစစ်ရေးကော်မတီ ကို ဖွဲ့စည်းမယ်လို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဆိုပါတယ်။ အဲဒီရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ က်တာစန်းဟာ မတ်လ၂၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးဒုတိယနေ့မှာပြောတာပါ။ အဲဒီလိုဖွဲ့စည်းရာမှာလွှတ်တော်ဥက္ကဋ္ဌဟာ လွှတ်တော်ရဲ့သဘောတူညီချက်နဲ့ ဖွဲ့စည်းရမှာဖြစ်တဲ့အတွက်...
Read moreBorder News Agencyရသေ့တောင်၊ မတ် ၂၀။ ရသေ့တောင်မြို့နယ်အတွင်း မြို့သိမ်းတိုက်ပွဲကာလက စစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းရေးလုပ်ဆောင်ရာသုံးရက်အတွင်း မိုင်းနဲ့ဗုံးသီး ၂၁၀ လုံး တူးဖော်ရရှိခဲ့ပါတယ်။ မတ်လ ၁၇ ရက်ကနေ...
Read moreBorder News Agencyစစ်တွေ၊ မတ် ၂၀။ ဒေါက်တာစန်းရွှေကို တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌအဖြစ်ရွေးလိုက်ပါတယ်။ အဲဒီရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေးပထမနေ့ကို မတ်လ ၂၀ ရက်၊ဒီနေ့စတင်ကျင်းပခဲ့တာပါ။ အဲဒီမှာရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စစ်တွေမဲဆန္ဒနယ်အမှတ် ၂ က ဒေါက်တာစန်းရွှေအရွေးခံရတာပါ။ အဲဒီအပြင်...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၉။ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ၉ ကြိမ်မြောက်မြိုအမျိုးသားနေ့ကို မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို ULA/AAတာဝန်ရှိသူတွေအပြင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂနဲ့ ဒေသခံလေးရာကျော်တက်ရောက်ခဲ့ကြတာပါ။ အဲဒီပွဲမှာ မြိုရိုးရာအကအလှတွေ၊ တေးဂီတတွေနဲ့ဖျော်ဖြေခဲ့ကြသလို ULA/AA...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၅။ အာရက္ခဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်ခံရတာနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေဆုံးရသူတွေထဲမှာကလေးငယ်တွေနဲ့ အမျိုးသမီးတွေက ၅၇ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့ Data for Myanmar အဖွဲ့ရဲ့အစီရင်ခံစာအရ သိရပါတယ်။...
Read moreBorder News Agencyရသေ့တောင်၊ မတ် ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ အမည်မသိအမျိုးသားအလောင်းတခုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေအနီးမှာ မတ်လ ၉ရက်နေ့၊ညနေ ၆နာရီအချိန်ခန့်က လူသေအလောင်းတလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။ ဒုံးပိုက်ရွာမှ ဦးမောင်ကျော့ဟန်ဟာ...
Read moreBorder News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၀။ စစ်ခေါင်းဆောင်အာဏာသိမ်း ၅ နှစ်တာကာလမှာ စစ်ရာဇဝတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အာရက္ခဒေသဟာ အမျိုးသမီးသေဆုံးမှု အများဆုံးဒေသဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့ရာမှာ အာရက္ခဒေသက...
Read moreBorder News Agencyစစ်တွေ၊ မတ်လ ၃။ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်၊ ကုလားတန်မြစ်ထွက်ဝကိုထိန်းချုပ်ထားတဲ့ စစ်တွေမြို့နယ်၊ ရွှေမင်းဂံရှိစစ်ကော်မရှင်တပ်ရဲ့အမှတ် ၃ ရေတပ်ဗျူဟာကို အာရက္ခတ ပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ အဲဒီရွှေမင်းဂံအမှတ် ၃ ဗျူဟာစစ်ရေ ယာဉ်စုတပ်ရင်းနေရာအပါအဝင် စစ်တွေမြို့နယ်ကိုဝင်ရောက်လာနိုင်တဲ့ပု ဏ္ဏားကျွန်းမြို့နယ်အစပ်နေရာအားလုံးမှာစစ်ကော်မရှင်တပ်ဟာ ရေတပ်စစ်သ...
Read moreBorder News Agency စစ်တွေ၊ဖေဖော်ဝါရီ ၂၇။ စစ်တွေခရိုင်အတွင်းက ကျေးရွာ ၁၄ ရွာမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၄၆၅ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန (APH) ရဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့က အခမဲ့ဆေးကုသပေးခဲ့ပါတယ်။ အဲဒီလိုကွင်းဆင်းကုသပေးရာမှာ စစ်တွေနဲ့ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီ လူနာတွေထဲမှာ အရေပြားရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူ အများအပြားပါဝင်နေပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေပေးခဲ့ပါတယ်။ အခုလိုဝေးလံတဲ့ကျေးရွာတွေအထိ လာရောက်ကုသပေးတာကြောင့် ဒေသခံတွေကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူးကျေးဇူးတင်နေကြပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ပလက်ဝ၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနဲ့ မောင်တောခရိုင်တွေမှာလည်း စစ်ရှောင်ပြည်သူတွေကို ဦးစားပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတယ်လို့ ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။
Read moreHey! Don't Copy my content.