Border News Agencyv
ဆားလင်းကြီး၊ ဧပြီ ၁၅ ။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက်ပြုလုပ်တဲ့ Blue Shirt Campaign မှာ ဆားလင်းကြီး – လက်ပံတောင်းတောင် ပင်မသပိတ်အင်အားစုတွေလည်း ဧပြီလ ၁၄ ရက်၊ မနေ့ကပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက အပြာရောင်အင်္ကျီတွေဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဒီ Blue Shirt Campaign ကို ဧပြီလ ၂၁ ရက်နေ့အထိ ၁၂ ရက်တိုင်တိုင် အွန်လိုင်းနဲ့မြေပြင်သပိတ်တွေမှာ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။










