Border News Agency
ဖလမ်း၊ မေ ၂၇။
ဖလမ်းမြို့ကို အပြည့်အဝပြန်ထိန်းချုပ်နိုင်ပြီး မြို့ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို မေလ ၂၆ ရက်နေ့ကပို့ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်ထုတ်ပြန်ပါတယ်။
အဲဒီပစ္စည်းတွေကို စစ်တပ်လေယာဉ်တွေနဲ့ ကလေးမြို့ထိပို့ဆောင်ပြီးမှ ကလေးကတဆင့် ဖလမ်းမြို့ဆီမော်တော်ယာဉ်တွေနဲ့ ဆက်သယ်ယူခဲ့တာလို့ ဖော်ပြတာပါ။
ဒါပေမယ့်မြေပြင်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်ကမြို့ရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အဲဒီပစ္စည်းအချို့ထောက်ပံ့ပြနေတာဟာ အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ပုံရိပ်ကိုကာမိစေဖို့နဲ့ ပြည်သူတွေကိုလှည့်ဖြားဖို့ ဝါဒဖြန့်ဓာတ်ပုံရိုက်ပြရုံသက်သက်သာဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။












