Border News Agency
ကျောက်ဖြူ၊ ဇွန် ၂၉။
အာရက္ခဒေသ၊ ကျောက်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်သုံးလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို ဇွန်လ ၂၇ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်မှ ဆူဆိုဒ်ဒရုန်းတွေနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ လူနေအိမ်သုံးလုံးပျက်စီးသွားခဲ့တာပါ။
အဲဒီစနဲမြို့၊ ကံပြင်စုရပ်ကွက်မှ ဒေါ်ဂဠုန်မေ၊ တောင်ငူစုရပ်ကွက်မှ ဦးကြည်မောင်နဲ့ ဦးမောင်ပုတို့ရဲ့နေအိမ်တွေပျက်စီးသွားခဲ့ပြီး တောင်ငူစုရပ်ကွက်မှ ဦးမောင်လှဝင်း ပိုင်ဆိုင်တဲ့ ဝက်တကောင်လည်း ဗုံးစထိမှန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲတွေနဲ့လုံးဝမသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ မြို့ရွာတွေကိုဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေသေဆုံး၊ဒဏ်ရာရနေကြပါတယ်။












