Border News Agency
ကျောက်ဖြူ၊ ဇူလိုင် ၁၇။
စစ်ကောင်စီဝန်ကြီးချုပ်ဦးထိန်လင်းဟာ ဇူလိုင်လ ၁၅ ရက်နေ့ကကျောက် ဖြူမြို့ကိုသွားရောက်ခဲ့ပါတယ်။
သူတို့ဟာ ဂုံးချွိန်ကျေးရွာရှိ ၁၃၅ မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့နဲ့စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်း(Power China) ကုမ္ပဏီသို့ သွားရောက်ခဲ့ပါတယ်။
အဲဒီအပြင်ဂုံးချွိန်ကျေးရွာရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသူ၊ကျောင်းသားတွေကို ပညာ သင်ထောက်ပံ့ကြေးတွေပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာအကူ အညီတွေအပြင် တဦးကိုတလငွေ နှစ်သောင်းကျပ်စီ ထောက်ပံ့ပေးနေတယ်လို့ဆိုပါတယ်။
နောက်ပြီးကျောက်ဖြူမြို့ရှိ ဝန်ထမ်းတွေကို ဆန်ရိက္ခာအပါအဝင် အခြေခံစားကုန်တွေ ပေးအပ်သွားမယ်လို့ဆိုပါတယ်။











