Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စီးပွားရေး ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အင်တာနက်ဝန်ဆောင်ခကို ကျပ်နှစ်ထောင်သတ်မှတ်ပေး

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၁၇။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဇူလိုင်လ ၁၇ ရက်၊ ဒီနေ့ကစပြီး အင်တာနက်သုံးစွဲခတနာရီကို ငွေကျပ်နှစ်ထောင်သတ်မှတ်လိုက်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအင်တာနက်သုံးစွဲခတွေဟာ စျေးအမျိုးမျိုးဖြစ်နေတာတွေကို နေရာအားလုံးတပြေညီကျပ်နှစ်ထောင်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

“ဒီမနက်က နိုင်ငံခြားက မိသားစုတွေနဲ့ ဖုန်းပြောဖို့ အင်တာနက်သွားသုံးပါတယ်။ အင်တာနက်ကဒ်ဝယ်တဲ့အခါ တနာရီသုံးစွဲခွင့်ကဒ်ကို အရင်ငါးထောင်ကနေ ဒီနေ့ကစပြီး ငွေကျပ်နှစ်ထောင်သို့ လျော့ပါးသတ်မှတ်ထားတယ်လို့ ပြောပါတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီပုဏ္ဏားကျွန်းနဲ့ကျောက်တော်မှာ အင်တာနက်သုံးစွဲခတနာရီ ငါးထောင်ကျပ်၊မြောက်ဦးမြို့နယ်မှာ တနာရီကို တသောင်းကျပ်၊မြေပုံမြို့နယ်မှာတနာရီကို သုံးထောင်ကျပ်ကောက်ခံခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာရက္ခအစိုးရကနေရာအားလုံးမှာစျေးနှုန်းတပြေညီသတ်မှတ်လို က်တာမို့ အခြေခံလူတန်းစားတွေအပါအဝင် ပြည်သူလူထုအားလုံး တန်းတူသုံးစွဲခွင့်ရလာလို့ အားရကျေနပ်ကြတယ်လို့ ဆိုကြပါတယ်။

“အရင်က ငါးထောင်၊ တသောင်းထိပေးရတော့ တနာရီသုံးတာနဲ့ ထပ်မသုံးနိုင်တော့ဘူး။ အခုက ဘယ်သူမဆို အချိန်အကြာကြီးသုံးနိုင်ပြီ။အရင်က နှစ်နာရီကို တသောင်းပေးပြီးသုံးခဲ့ရတာကို ခုကနှစ်ထောင်ကျပ်နဲ့ ငါးနာရီသုံးခွင့်ရပြီ။ပြည်သူတွေရဲ့အခက်အခဲဖြစ်နေကြတာကို ခုလိုလျော့ပါးသတ်မှတ်ပေးတာကို ကြိုဆိုပါတယ်။ဝမ်းလည်းသာပါတယ်။” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

ဒါပေမယ့် သုံးစွဲသူတွေများနေသေးသ လို ဝန်ဆောင်မှုနေရာတွေနည်းနေသေးတာမို့ လုံခြုံစိတ်ချရမယ့်နေရာတွေထပ်လုပ်ပေးစေချင်တယ်လို့ ဆိုကြပါတယ်။

“သတ်မှတ်ဈေးကို လျော့ပါးလိုက်ပေမဲ့ ခုထိ လူများလို့ လိုင်းသုံးတဲ့အခါ အဝို င်းလည်နေတာ၊လိုင်းပြတ်ကျပြေးတာတွေရှိနေသေးတယ်။အဲလိုမျိုးမဖြစ်ရအောင် သုံးစွဲသူတွေကိုလည်း အကန့်အသတ်နဲ့ သူ့အဖြတ်နဲ့သူ သုံးစွဲခွင့်ပေးရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။” လို့ ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

အင်တာနက်ဝန်ဆောင်လတွေကိုလျော့လိုက်ပေမယ့် ရိုးရိုးဖုန်းပြောခတွေကိုတော့ တမိနစ်ကို ငွေကျပ်တထောင်သ တ်မှတ်ထားဆဲလို့ ဆိုကြပါတယ်။

အဲဒါကြောင့် ရိုးရိုးဖုန်းပြောခတမိနစ်ကို ငါးရာကျပ်သတ်မှတ်ပေးစေချင်တယ်လို့ ပြည်သူတွေ တောင်းဆိုကြပါတယ်။

“အင်တာနက်ကနေ အရုပ်ကြည့်ပြီး ပြ ည်ပကမိသားစုတွေနဲ့ပြောရတာက အ ဆင်ပြေပါတယ်။ဒါပေမယ့် လူများလို့ လိုင်းသုံးရတာအဆင်မပြေတဲ့နေ့တွေမှာဆို မစောင့်ချင်တော့ပါဘူး။ဒါကြောင့် ရိုးရိုးဖုန်းနဲ့ပြောတဲ့အခါလည်းရှိပါတယ်။ အဲဒါကလည်း အလှည့်ကျပြောရတာပါ။လိုင်းကတော့ကောင်းပါတယ်။ ဒါပေမယ့်တမိနစ်ကို တထောင်ဆိုတော့များသလားလို့ပါ။တမိနစ်ကို ငါးရာထိလျော့ပေးစေချင်ပါတယ်။” လို့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ကတ ည်းက စစ်ကောင်စီတပ်ဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာဖြစ်ပြီး အာရက္ခအစိုးရက အ စားထိုးဝန်တောင်မှုပေးနေတာဖြစ်ပါတယ်။

အဲဒီလိုဖြတ်တောက်ခံထားကြရတာမို့ပြည်သူလူထုရဲ့နေ့စဥ်လူမှုဘဝတွေ၊စီး ပွားရေးတွေ ထိခိုက်နစ်နာနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူအများစုဟာ ပြည်ပနိုင် ငံတွေ၊တခြားနေရာတွေက မိသားစုဝင်တွေရဲ့ပေးပို့ထောက်ပံ့ငွေတွေကို မှီခိုနေကြရသလို ကုန်ပစ္စည်းတွေကအစမှာယူနေကြရတာမို့ ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေမဖြစ်မနေလိုအပ်တယ်လို့ ဆိုကြပါတယ်။

အဲဒီလိုအဆက်အသွယ်ရကြဖို့အတွက်ခရီးစာရိတ်တွေအကုန်အကျခံပြီး အချိန်ယူလာရောက်ဆက်သွယ်နေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို မြို့နယ်အားလုံးအသုံးပြုခွင့်ရရေးအတွက် နေရာအသစ်တွေတိုးပေးဆောင်ရွက်ပေးဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

အာရက္ခပြည်သူတွေ ဆက်သွယ်ရေးအဆင်ပြေစေဖို့အတွက် စတားလင့်ခ်စက်တွေ ဝယ်ယူတပ်ဆင်ပြီး အခကြေးငွေယူကာ အင်တာနက်ဝန်ဆောင်မှု ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

PrevPreviousစစ်ကောင်စီဝန်ကြီးချုပ်ကျောက်ဖြူကိုသွားရောက်
Nextကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု ၂ ။Next
Previous Post

စစ်ကောင်စီဝန်ကြီးချုပ်ကျောက်ဖြူကိုသွားရောက်

Next Post

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြေနှင့်ပဋိပက္ခဆိုင်ရာလမ်းညွှန်ချက်မှတ်စု ၂ ။

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

April 12, 2026

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
ဓာတ်ပုံ-KNU

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

April 12, 2026
ဓာတ်ပုံ-KNU

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

April 12, 2026

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

Releated Post

နီပေါအစိုးရသစ် ဘာတွေလုပ်နေလဲ

April 12, 2026

​ရွှေကျင်နဲ့ ဘီးလင်းက စစ်ကော်မရှင်တပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
ဓာတ်ပုံ-KNU

လယ်ဒိုမှာစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီး

April 12, 2026
ဓာတ်ပုံ-KNU

စစ်ကော်မရှင် တပ်သား ၃ ဦး KNU ဆီအလင်းဝင်

April 12, 2026
​ဓာတ်ပုံ - နည်းဗျူဟာ ၃၇

​ဘီးလင်းရှိလေ့ကေစခန်းကုန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

April 12, 2026
​Photo - APM

​တောင်ကုတ်မှာ ကျပ်သိန်း ၁၁၀ ကျော်တန်ဖိုးရှိ တရားမဝင်အရက်တွေဖမ်းဆီးရမိ

April 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page