Border News Agency
နေပြည်တော်၊ နိုဝင်ဘာ ၁၈။
လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ဆီ ကမ္ဘောဒီးယားဒုတိယဝန်ကြီး Mr.Cheap Sour ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘောဒီးယားမှာ တည်ဆောက်နေတဲ့ Power Plant အတွက် လိုအပ်မယ့်သဘာဝဓာတ်ငွေ့ကို မြန်မာ့ပိုက်လိုင်းနဲ့ အခြေခံအဆောက်အအုံတွေသုံးပြီး LNG ရောင်းဝယ်နိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။
မြန်မာ့ကမ်းလွန်လုပ်ကွက်တွေမှာ ကမ္ဘောဒီးယားဘက်က ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုအခြေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီက ဓာတ်အား ချိတ်ဆက်ဝယ်ယူနေမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို နှစ်ဖက်ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။







