Border News Agency
ဝ၊ နိုဝင်ဘာ ၁၈။
”ဝ”ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ကမူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့အရည်နဲ့ ဓာတုပစ္စည်း တန်ချိန် တထောင့်သုံးရာ့သုံးဆယ်ကျော်ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” ပြည်နယ်တရားရေးဌာန (WSP) က ထုတ်ပြန်ပါတယ်။
အဲဒီလွှဲပြောင်းမှုကို တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ မန်လျန်ခရိုင်ရှိ နယ်စပ်ဂိတ်မှာ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဓာတုပစ္စည်းတွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ အဓိကပါဝင်ပစ္စည်းတွေဖြစ်ပြီး သုံးစွဲသူတွေကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ပြင်းထန်စွာထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ တည်နေရာနဲ့ ပါဝင်ပတ်သက်သူတွေနဲ့ပတ်သက်လို့တော့ အသေးစိတ် ဖော်ပြထားတာမရှိသေးပါဘူး။
အဲဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း UWSA တောင်ပိုင်းစစ်ဒေသ တစ်ရာ့ခုနှစ်ဆယ်တစ်မှစိတ်ကြွဆေးပြား စုစုပေါင်းတစ်ဒသမ သုံးရာကိုးဆယ်တစ်ဘီလီယံရှိတဲ့ မူးယစ်ဆေးဝါးတွေကို အာဏာသိမ်းစစ်တပ်ကို လွှဲပြောင်းပေးခဲ့ပါသေးတယ်။












