စစ်ကောင်စီစွပ်စွဲတဲ့ မူးယစ်ဆေးဝါးအ မှုကို အာရက္ခတပ်တော်ငြင်းဆို
စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးရုပ်သံတွေ၊ သတင်းစာတွေနဲ့ဂျာနယ်တွေမှာဖော်ပြနေတဲ့ မူးယစ်ဆေးဝါးအမှုဟာ အာရက္ခတပ်တော်(AA) နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ မတ်လ ၁၉ ရက်နေ့မှာထုတ်ပြန်ပါတယ်။ အဲဒီလိုစစ်ကောင်စီတပ်ရဲ့ဝါဒဖြန့်ချီရေးတွေဟာ အာရက္ခတပ်တော်ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့စွပ်စွဲချက်က လုံးဝယုတ္တမရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချမှုဖြစ်တယ်လို့ ဆိုပါတယ်။ “ဖက်ဆစ်အကြမ်းဖက်စစ်ရာဇဝတ်တပ် စစ်ကောင်စီရဲ့စွပ်စွဲချက်ဖြစ်တဲ့ မူးယစ်ဂိုဏ်းတခုမှ မူးယစ်ဆေးဝါးဖမ်းမိတဲ့ကိစ္စရပ်တွေမှာ မိမိတို့အဖွဲ့အစည်းကို ...









