Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး မောင်တောခရိုင် သတင်း သဘာဝပတ်ဝန်းကျင် အာရက္ခဒေသ

အာရက္ခဒေသက တောင်သူလယ်သမားတွေ နိုင်ငံတကာအကူအညီ လိုအပ်နေ

(ဓာတ်ပုံ - ဆောင်းသီးနှံစိုက်တောင်သူတဦးကို မယူတောင်အနီးတွေ့ရပုံ / BNA) 

(ဓာတ်ပုံ - ဆောင်းသီးနှံစိုက်တောင်သူတဦးကို မယူတောင်အနီးတွေ့ရပုံ / BNA) 

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
35
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကတောင်သူလယ်သမားတွေဟာ လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစေ့တွေ၊ သွင်းအားစု​တွေဝယ်ယူဖို့ခက်ခဲနေကြတာမို့ နိုင်ငံတကာအကူအညီတွေ လိုအပ်နေကြတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကိုတားမြစ်ကန့်သတ်ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုအားလုံးကိုလည်း တားမြစ်ပိတ်ဆို့ထားပါတယ်။

အဲဒါကြောင်း လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်တဲ့နေရာမှာ စိုက်စပါးတွေ၊ မျိုးစေ့တွေအပါအဝင်သွင်းအားစုတွေဝယ်ယူဖို့အတွက် အခက်အခဲတွေအများကြီးရှိနေတာလို့ တောင်သူလယ်သမားတွေကဆိုကြပါတယ်။

“ခုလက်ရှိစစ်ပွဲကာလနဲ့အခြေအနေကလည်းမကောင်းတော့ ရေပိုက်တွေလည်းရှာမရဘူး။ မျိုးစေ့လည်းရှာမရဘူး။ စျေးကြီးတယ်။ တထုတ်ကို သုံးသောင်း။ ကိုယ့်အတွက်ကအများကြီးအခက် အခဲရှိသေးတယ်။ ကိုယ့်ဟာကိုဝယ်။ အခက်အခဲတွေက။ ကိုယ်ဝယ်ချင်သလိုဝယ်လို့မရဘူး။ NGOအဖွဲ့တွေက နည်းနည်းအကူအညီပေးတာကိုလိုချင်တယ်။” လို့ မောင်တောမြို့နယ်မှတောင်သူတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခဒေသမှာ မိရိုးဖလာစိုက်ပျိုးရေးလုပ်ကိုင်နေကြတဲ့ တောင်သူတွေဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ နည်းပညာအခက်အခဲတွေကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ အခက်အခဲတွေအများကြီးရှိနေတယ်လို့လည်း ဆိုကြပါတယ်။

အဲဒီလိုကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ပြီးခဲ့တဲ့မိုးရာသီက အာရက္ခဒေသမှာ မိုးစပါးတွေပျက်စီးခဲ့ကြသလိုဆောင်းသီးနှံတွေအတွက်လည်း ရေလုံလောက်စွာမရရှိတာမို့ အခက်အခဲတွေကြုံတွေ့နေကြရတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

“အန်တီက အသက်လည်းကြီးနေပြီ။ ကိုယ်ကလည်း အဲဒီလောက်ပင်ပင်ပန်းပန်းမလုပ်နိုင်တော့ဘူး။ လုပ်မယ့်သူငှားဖို့က အခက်အခဲ။ ထောက်ပံ့တာကတော့ မျိုးစေ့တွေထောက်ပံ့လာတယ်။ မျိုးစေ့တွေကလည်း မလုံလောက်ဘူး။ မလုံလောက်တာကြောင့်ဝယ်ရတယ်။ မျိုးစေ့တွေကစျေးကြီးတယ်။ ဝယ်ချင်လည်းဝယ်မရဘူး။ ဝယ်ချင်ရင်လည်း ခရီးအဝေးကြီးကိုသွားဝယ်ရတယ်။ လမ်းစရိတ်လည်းစျေးကြီးတယ်။ အဲလိုအခက်အခဲတွေပေါ့။” လို့ မောင်တောမြို့နယ်မှ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ တောင်သူတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ တောင်သူလယ်သမားတွေဟာ မျိုးစေ့တွေ၊ မျိုးစပါးတွေ၊ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့သွင်းအားစုတွေအပြင် ရေအရင်းအမြစ်ရရှိဖို့အတွက်အကူအညီတွေလိုအပ်နေတယ်လို့တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒီစိုက်ပျိုးရေးလုပ်ငန်းတွေမှာ နည်းပညာနဲ့ဆေးဝါးမသုံးစွဲနိုင်လို့ အပင်တွေပုံမှန်အတိုင်းမဖြစ်ထွန်းတာတွေအပြင်ပိုးကျတာတွေကိုပါ ကြုံတွေ့နေကြရတယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

အဲဒီလိုစိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုတွေဖြစ်တဲ့ ဓါတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ အသီးအပွင့်အားဆေးစတာတွေဟာ စျေး​သုံးဆကနေခြောက်ဆခန့်ထိတက်သွားသလို လွယ်လွယ်ကူကူဝယ်ယူလို့မရကြတာမို့ အခက်အခဲတွေပိုမိုကြုံနေကြရတယ်လို့လည်း တောင်သူလယ်သမားတွေက ဆိုကြပါတယ်။

“ဒီကြားထဲ စိုက်ပျိုးရေးလုပ်တော့လည်း အဆင်မပြေ။ မုန်တိုင်းနဲ့ပါသွားတယ်။ ရေကြီးတာနဲ့လည်းပါသွားတယ်။ သားနှစ်ယောက်လုပ်တာ။ ခုအဆင်ကို မပြေနိုင်ဘူး။ ဝါးဝယ်တယ်။ မျိုးစေ့တွေလည်း စိုက်ရင်မပေါက်ဘူး။ ပိုးသတ်ဆေးတွေလည်း စျေးကြီးတယ်။ အလုံးသေးသေးလေးတလုံးကိုတသောင်း၊ နှစ်လုံးမှာထားတယ်။ နှစ်လုံးဆိုရင်တခါဖြန်းလို့ရတယ်။ အရင်လည်း လူတွေဆီကချေးငှားပြီးဖြန်းထားတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကတော့ လိုချင်တယ်။ စိုက်ပျိုးရေးလုပ်ဖို့ မြေဆီ၊ မြေသြဇာတွေ။ လယ်လုပ်ဖို့ မျိုးစေ့တွေလည်း လိုချင်တာပေါ့။ နိုင်ငံတကာအလှူရှင်တွေဆီက အကူအညီတောင်းချင်တယ်။” လို့ မောင်တောမြို့နယ်မှတောင်သူတဦးက Border News Agency ကိုပြောပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-အိန္ဒိယနယ်စပ်၊ အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုအပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားတာမို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို နယ်စပ်ဖြတ်ကျော်ပေးလို့ရနိုင်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း အာရက္ခဒေသအတွက် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးနိုင်ဖို့ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံခရီးစဥ်မှာ ပြောဆိုထားပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင်မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွ မြို့နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး ပြန်လည်တည်ဆောက်ရေးတွေလုပ်ဆောင်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၃
Nextဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၄Next
Previous Post

ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၃

Next Post

ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၄

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ချင်းတပ်ဖွဲ့ဗဟိုကော်မတီဝင်အပါအဝင် သုံးဦးလုပ်ကြံခံရမှု အမှုမှန်ပေါ်ရေးဆောင်ရွက်မယ်

August 16, 2026

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

August 16, 2026
ဓာတ်ပုံ - ​Al Jazeera

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူငါးဆယ့်တဦးရှိလာ

August 16, 2026

သံတွဲမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအဖနှစ်ဦးသေဆုံး

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page