Border News Agency
ပုဏ္ဏားကျွန်း၊ ဇူလိုင် ၂၇ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ဇူလိုင်လ ၂၇ရက်နေ့၊ မနက် ၆ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအာဏာသိမ်းစစ်တပ် တိုက်လေယာဥ်နှစ်စီးဟာ ယိုးငူကျေးရွာကို ပေါင်းငါးရာ၊ ပေါင်တထောင်ခန့်ရှိဗုံးနှစ်လုံးနဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုပြင်းထန်တာမို့ မြောက်ဦးမြို့နယ်မှ နေအိမ်တွေလည်းတုန်ခါးသွားခဲ့တယ်လို့ မြောက်ဦးမြို့နယ်မှ ဒေသခံတွေကဆိုကြတယ်။
“အသံတွေကတော့တအားကျယ်ပါတယ်။ နေအိမ်တွေတောင်တုန်ခါသွားပါတယ်။ ပုဏ္ဏားမြို့နယ်၊ ယိုးငူရွာကို ချခဲ့တာပါ။”လို့ ဒေသခံတဦးက Border News
Agency ကို ပြောပါတယ်။
အဲဒီယိုးငူကျေးရွာကို ပြီးခဲ့တဲ့ဖေဖော် ဝါရီလ ၂၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတွေ၊ အမျိုးသမီးတွေအပါအဝင် လူနှစ်ဆယ်သေဆုံးပြီး တဆယ့်လေးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်လူနေအိမ်တဆယ်ကျော်လည်း ပျက်စီးသွားခဲ့သလို လမ်းတွေလည်း ပျက်စီးသွားခဲ့ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။










