Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၂

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
76
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

၂။ ဆိုရှယ်ဒီမိုကရေစီနှင့်လက်ဝဲ၊ လက် ယာဝါဒ

ဆိုရှယ်ဒီမိုကရေစီသည် စီးပွားရေးနယ်ပါယ်နှင့်နိုင်ငံရေးနယ်ပါယ်တွင် ဒီမိုကရေစီကိုကျင့်သုံးပေသည်။ စီးပွားရေးနယ်ပါယ်၌ ကျင့်သုံးမှုမှာ လွတ်လပ်သော ဈေးကွက်ပြိုင်ဆိုင်မှုကိုကျင့်သုံးသော် လည်း ဆိုးဝါးသောအခြေအနေတခုအောက်တွင် ရှိနေပါက အစိုးရမှဈေးကွက်အားထိန်းချုပ်ရမည်ဟု ဆိုသည်။

နိုင်ငံရေးနယ်ပါယ်၌ ကျင့်သုံးမှုတွင် လူ့အခွင့်အရေးအခြေခံစံတန်ဖိုးများကိုအလေးထားပြီးအားလုံးပါဝင်သော ဒီမိုကရက်တန်ဖိုးမြင့်သော လူ့အဖွဲ့အစည်းတရပ်ကို ဦးတည်ပေသည်။

ဆိုရှယ်ဒီမိုကရေစီသည် ဆိုရှယ်လစ်စနစ်၏တန်ဖိုးများဖြစ်သည့် အစိုးရမှလူ မှုရေးရာကိစ္စဖြစ်သော ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ပညာရေး၊ကျန်းမာ ရေး၊အရင်းအနှီးများထောက်ပံမှု၊ လူမှုဖူ လုံရေးစသည့်နယ်ပါယ်များတွင် အစိုးရမှအလုံးစုံတာဝန်ယူပေသည်။

သို့သော် အရင်းရှင်စနစ်၏တန်ဖိုးများဖြစ်သော လွတ်လပ်သည့်ဈေးကွက်၊ ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ကိုလည်း လက်ကိုင်ထားပြီး ဒီမိုကရက်တန်ဖိုးများဖြစ်သော တသီးပုဂ္ဂလအခွင့်အရေး၊ လွတ်
လပ်စွာထုတ်ဖေါ်ပြောဆိုပိုင်ခွင့်၊ အာဏာနယ်ပါယ်တွင် ပါဝင်ပတ်သက်ပိုင်ခွင့်စသည့်အချက်များကိုလည်းကျင့်သုံးပေသည်။

ဆိုရှယ်ဒီမိုကရေစီသည် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်ကို ပေါင်းစပ်ကျင့် သုံးမှုဖြစ်ပေသည်။ ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်သည် လားရာဦးတည်ရာ ကွဲပြားပေသည်။ ဆိုရှယ်လစ်စနစ်သည် လက်ဝဲဝါဒဖြစ်ပြီး အရင်းရှင်စနစ်သည် လက်ယာဝါဒဖြစ်ပေသည်။

လက်ဝဲဝါဒ

လက်ဝဲဝါဒတွင် ဓနပစ္စည်းဥစ္စာအား တသီးပုဂ္ဂလပိုင်ဆိုင်မှုမရှိချေ။ “လူတိုင်းတန်းတူညီမျှသည်” ဆိုသော သဘောသဘာဝကို အကောင်အထည်ဖေါ်ရန်အတွက် “တသီးပုဂ္ဂလပိုင်ဆိုင်မှု” ကို ခွင့်မပြုပေ။ ပုဂ္ဂလိကပိုင်ဆိုင်မှုပေးလိုက်ပါက ဓနဥစ္စာရှိသူက ရှိသွားပြီး ဓနဥစ္စာမရှိသူက မရှိဖြစ်နေပေမည်။

ထိုအခါ လူတန်းစားကွာဟမှုရှိလာမည်။ ဓနဥစ္စာမရှိသူသည် ဓနဥစ္စာရှိသူထံသွားအလုပ်လုပ်ကြရသည်။ ဓနဥစ္စာမရှိသူများ၏ လုပ်အား၊ ချွေး၊ အချိန်စသည့်ပေးဆပ်ရသည့်တန်ဖိုးများကြောင့်ဓနဥစ္စာရှိသူမှာ ကြွယ်ဝသည်ထက်ကြွယ်ဝလာပေသည်။

ထိုကြွယ်ဝမှုကို တည်ဆောက်ရာတွင် ပါဝင်သော ဓနဥစ္စာမရှိသူများအနေဖြင့် မဝရေစာအသပြာလောက်သာရကြပေသည်။

ထိုအခါ ဓနဥစ္စာမရှိသူများနှင့်ဓနဥစ္စာရှိသူများကြားတွင် ပဋိပက္ခဖြစ်လာပြီးလူ့ အဖွဲ့အစည်းသည် နေထိုင်ရန်မလုံခြုံသော အခြေအနေများကိုဖြစ်လာပေသည်။

သို့ဖြစ်၍ တသီးပုဂ္ဂလပစ္စည်းပိုင်ဆိုင်မှုကို ခွင့်မပြုဘဲ အားလုံးဘုံဆိုင်၊ ဘုံပိုင် ပြည်သူပိုင်သိမ်းယူကာ လူတိုင်း လုံလောက်စွာ တန်းတူညီမျှရရှိရမည်။

ထိုသို့ လူတိုင်းလုံလောက်စွာ တန်းတူညီမျှစွာရရှိရန်အတွက် စီမံခန့်ခွဲရန် ပြည်သူလူထုသည် အာဏာပိုင်အဖွဲ့အစည်းတရပ်ကို တည်ဆောက်ရမည်ဟု လက်ဝဲဝါဒက ရှူမြင်ပေသည်။

ထိုအာဏာပိုင်အဖွဲ့အစည်းသည် ပြည်သူလူထုအား စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် အရာခပ်သိမ်းသော ကိစ္စရပ်ကို ပြည့်စုံအောင်ဖန်တီးပေးရမည်။

ယင်းသို့ဆိုပါက လူ့ဘောင်သုခဘုံ ယူတိုးပီးယား (Utopia) တခုပေါ်ထွန်းလာမည် ဖြစ်သည်။ လက်ဝဲဝါဒ၏ အဆုံးစွန်သောအဆင့်သည် ကွန်မြူနစ်စနစ်ဖြစ်သည်။

လက်ယာဝါဒ

အရင်းရှင်စနစ်တွင် ကုန်ထုတ်လုပ်မှု တိုးတက်ရေးကို ဦးတည်သည်။ ကုန်ထုတ်လုပ်နိုင်မှုများလေလေ ဈေးကွက်တွင် ရောင်းလိုအားများလာလေဖြစ်သည်။ ရောင်းလိုအားများလာသည်နှင့်အမျှဈေးနှုန်းသက်သာလာလေဖြစ်သည်။ ဈေးနှုန်းသက်သာလေဝယ်လိုအားများလေဖြစ်သည်။ ဝယ်လိုအားများလေ များများထုတ်လုပ်ရလေ လူများအလုပ်အကိုင်ရလေ၊ဝင်ငွေတိုးလေဖြစ်သည်။ဝင်ငွေတိုးလေ များများဝယ်နိုင်လေဖြစ်သည်။ များများဝယ်နိုင်လေ ကုန်ထုတ်လုပ်မှုတိုးတက်လေဖြစ်သည်။

ဤသို့ဖြင့် လူတိုင်း ပေါ်များကြွယ်ဝသော လူ့ဘောင်တခုဖြစ်လာမည်ဟု လက်ယာဝါဒက ရှူမြင်သည်။ ကုန်ထုတ်လုပ်ရန် အရင်းအနှီးလိုသည်။

အရင်းအနှီးသည် လူသားများ၏ ကာယ၊ ဉာဏလုပ်အားများ၊ သဘာဝအရင်းအမြစ်များဖြစ်သည်။ အရင်းအနှီးမလုံလောက်သောအခါ အခြားနိုင်ငံမှအရင်းအနှီးများကိုရှာလာရသည်။ ရှာလာသောအခါ ထိုနိုင်ငံများကို သိမ်းပိုက်ကိုလိုနီပြုရသည်။

ဤသို့ဖြင့် ကိုလိုနီရှိသော အရင်းရှင်နိုင်ငံနှင့်ကိုလိုနီမရှိသော အရင်းရှင်နိုင်ငံဟု နှစ်မျိုးရှိလာသည်။ ကိုလိုနီမရှိသော အရင်းရှင်နိုင်ငံများက ကိုလိုနီနယ်များရှာလာသောအခါ ကိုလိုနီရှိသောအရင်းရှင်နိုင်ငံများနှင့်ထိပ်တိုက်တွေ့လာသည်။

ထိုပြင် ကိုလိုနီရှိသောအရင်းရှင်နိုင်ငံအချင်းချင်း ကိုလိုနီနယ်များကို အပြန်အလှန်လုမှုဖြစ်လာပေသည်။

ဤသို့ဖြင့် ပထမကမ္ဘာစစ်ဖြစ်လာသည်။ ဖက်ဆစ်ဝါဒသည် အရင်းရှင်စနစ်၏ အဆုံးစွန်သော အဆင့်ဖြစ်သည်။ အခြား သူဘာပင်ဖြစ်ဖြစ် မိမိတို့နိုင်ငံကောင်းစားလျှင် ပြီးပြီဆိုသည့်သဘောမျိုးဖြစ်သည်။ အရင်းရှင်စနစ်သည် ဒီမိုကရေစီကို စည်ပင်ရှင်သန်စေသည်။

သို့သော် ဖက်စစ်ဝါဒဖြစ်လာသောအခါ အရင်းရှင်စနစ်တွင် ဒီမိုကရေစီဆိတ်သုဥ်းသွားသည်။

လက်ဝဲဝါဒ၏အဆုံးစွန် ကွန်မြူဝါဒ၏ အားနည်းချက်မှာ – လူများအားပစ္စည်း ဥစ္စာပိုင်ဆိုင်မှုမပေးသည့်အခါ လူများသည်အလုပ်လုပ်ရာတွင် အားစိုက်မှုနည်းလာသည်။ အားစိုက်မှုနည်းလာသည့်အတွက် ကုန်ထုတ်လုပ်မှုကျဆင်းလာသည်။ အားကောင်းသော ဗဟိုအာဏာပိုင်တရပ်ကို ထူထောင်ထားသဖြင့် ဗဟိုချုပ်ကိုင်မှုတင်းကြပ်သည်။ ဗဟိုချုပ်ကိုင်မှုတင်းကြပ်သဖြင့် ကြိုးနီစနစ်ပေါ်လာသည်။ ကြိုးနီစနစ်ပေါ်လာသဖြင့် အဂတိတရားများပေါ်လာသည်။

ဤသို့ဖြင့် မှောင်ခိုဈေးကွက်အားကောင်းလာသည်။ အဂတိတရားခိုကပ်ရလွယ်သော ကြိုးနီစနစ်တွင် အာဏာပိုင်များက ပြည်သူထံမှ အခွင့်အရေးများကို ၎င်းတို့၏ အိပ်ထဲသို့ထည့်လာသည်။

ထိုသို့ထည့်လာမှုကြောင့် တရားဥပဒေစိုးမိုးရေးအားနည်းခြင်းဖြစ်လာသည်။ တချိန်တည်းတွင် အာဏာပိုင်များက ပြည်သူ့၏လွတ်လပ်စွာဖေါ်ထုတ်ခွင့်ကို တင်းကြပ်တော့သည်။ လွတ်လပ်စွာ
ဖေါ်ထုတ်ခွင့်မရှိသောအခါဗဟိုအာဏာပိုင်သည် ပြည်သူနှင့် ကင်းကွာလာသည်။ ထိုသို့ဖြင့် ကွန်မြူနစ်ဝါဒမှာ ပြိုပျက်လာသည်။

လက်ယာဝါဒအရင်းရှင်စနစ်၏ အားနည်းချက်မှာ – “တသီးပုဂ္ဂလ ပိုင်ဆိုင်မှု” ရှိသော်လည်း ဓနဥစ္စာရှိသူကရှိသွားပြီး ဓနဥစ္စာမရှိသူက မရှိဖြစ်နေသည်။ ထိုအခါ လူတန်းစားကွာဟမှုရှိလာတော့သ ည်။ဓနဥစ္စာမရှိသူသည် ဓနဥစ္စာရှိသူထံသွားအလုပ်လုပ်ကြရသည်။ ဓနဥစ္စာမရှိသူများ၏ လုပ်အား၊ ချွေး၊ အချိန်စသည့်ပေးဆပ်ရသည့် တန်ဖိုးများကြောင့် ဓနဥစ္စာရှိသူမှာ ကြွယ်ဝသည်ထက် ကြွ ယ်ဝလာသည်။

ထိုကြွယ်ဝမှုကို တည်ဆောက်ရာတွင် ပါဝင်သော ဓနဥစ္စာမရှိသူများအနေဖြင့် မဝရေစာအသပြာလောက်သာရကြသည်။

ထိုအခါ ဓနဥစ္စာမရှိသူများနှင့် ဓနဥစ္စာရှိသူများကြားတွင် ပဋိပက္ခဖြစ်လာပြီးလူ့အဖွဲ့အစည်းသည် နေထိုင်ရန်မလုံခြုံသော အခြေအနေများကိုဖြစ်လာသည်။ ပဋိပက္ခကြောင့် တရားဥပဒေစိုးမိုးရေး ပျက်လာသည်။ ကုန်ထုတ်လုပ်မှုက ကျဆင်းလာသည်။ကျဆင်းလာသောကြောင့် အလုပ်လက်မဲ့များလာသည်။ အလုပ်မရှိသောကြောင့် ဝင်ငွေမရဖြစ်လာသည်။

ယင်းသို့ဖြင့် အရင်းရှင်စနစ်သည် အဆိုးသံသရာထဲတွင် လည်နေတတ်ပြီး ဒီမိုကရေစီကို ပျက်သုဥ်းစေပြန်သည်။ တဖက်တွင် ဖက်ဆစ်ဝါဒခေါင်းထောင်မှုကလည်း ရှိနေတတ်ပြန်သည်။

လက်ယာဝါဒနှင့်လက်ဝဲဝါဒနှစ်ခုစလုံးတွင် တဖက်စွန်းရောက်လွန်းပါက အန္တရာယ်များသည်။ လက်ယာအယူအဆနှင့်လက်ဝဲအယူအဆကိုပစ်ပါယ်၍လည်းမရနိုင်ချေ။ လက်ယာဝါဒနှင့်လက် ဝဲဝါဒနှစ်ခုကြားတွင် ဒီမိုကေရစီ၊ တန်းတူညီမျှမှု၊လွတ်လပ်တရားမှု၊လူမှုစီးပွားဘဝဖူလုံမှုဖြစ်ထွန်းစေသည့်အခြေအနေမျိုးကိုသာ ပေါင်းစပ်ကျင့်သုံးကြရပေသည်။

ဆက်လက်ဖော်ပြမည်။

  • ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၁။
PrevPreviousဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၁။
Nextအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကသစ်တွေကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေNext
Previous Post

ဆိုရှယ်ဒီမိုကရေစီ မိတ်ဆက် ၁။

Next Post

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကသစ်တွေကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ထုတ်ဖော်ပြောဆိုခွင့် ပျောက်ဆုံးနေဆဲ အာရက္ခဒေသက ဘဝတွေ

September 28, 2026
ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
ဓာတ်ပုံ-ဝင်းမြင့်

မြောက်ဦးမှာ စက်လှေမှောက်လို့ပျောက်ဆုံးနေတဲ့ သားဖနှစ်ဦးရဲ့ ရုပ်အလောင်းတွေပြန်တွေ့

September 27, 2026

အဥ္ဇနပူရကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ တဦးဒဏ်ရာရ

September 27, 2026

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ-AA

အာရက္ခဒေသမှာ စစ်တပ်ကြောင့်ဆယ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ(ဓာတ်ပုံသတင်း)

September 27, 2026
​Ref/Photo - India Today

မြန်မာတော်လှန်ရေးတပ်တွေကို လေ့ကျင့်ပေးခဲ့တယ်လို့စွပ်စွဲခံရတဲ့ နိုင်ငံခြားသားခုနှစ်ဦးအိမ်ပြန်ခွင့်ရ

September 27, 2026
Ref/​Photo - AFP/Reuters

အိန္ဒိယနဲ့နီပေါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုလို့ လူ၆၈ ဦးသေဆုံး

September 27, 2026
ဓာတ်ပုံ-BNA

သက်တမ်းနှစ်ဆယ်ကျော်ယာဉ်ဟောင်းတွေကို EV နဲ့ အစားထိုးတင်သွင်းခွင့်ပြု

September 27, 2026
​ဓာတ်ပုံ - KNU

ဖာပွန်ခရိုင်တိုက်ပွဲမှာ စစ်တပ်ထံမှလက်နက်ခုနှစ်လက် KNLA သိမ်းဆည်းမိ

September 27, 2026

ဆောမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံး

September 27, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page