အင်တာဗျူး
Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၂၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေက ဒေသခံတောင်သူတွေဟာဆောင်းသီးနှံတွေစတင်စိုက်ပျိုးနေကြပါတယ်။
ဒါပေမယ့် မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ စိုက်ပျိုးနည်းစနစ်တွေအပါအဝင်လိုအပ်ချက်တွေအများကြီးရှိနေကြတ ယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာကငရုစိုက်တောင်သူ ဒေါ်ဦးစောနုဟာ သူမတို့ကြုံတွေ့နေရတာတွေကို ပြောပြထားပါတယ်။
“ဒီနှစ်မှာ ငရုတ်စိုက်ခင်းတွေလည်းအဆင်မပြေကြဘူး။ မိုးများလို့ သေကြတယ်။ ပျက်စီကြတယ်။နှစ်တိုင်းဆို ဒီရာသီမှာ ငရုတ်သီးခူးနေရတဲ့အချိန်။ အခုကမခူးရသေးဘူး။ မစိုက်တဲ့သူကများတယ်။ မြေဆီမြေဩစာတွေခက်ခဲတဲ့အတွက်ကြောင့်ငရုတ်စိုက်တာမှာလုံလုံ လောက်လောက်မထည့်နိုင်တဲ့သူတွေရှိတယ်။ ကိုယ့်မှာ တတ်နိုင်ရင် တတ်နိုင်သလောက်ထည့်ကြတယ်။ မတတ်နိုင်ရင်မတတ်နိုင်သလောက် မထည့်ကြပါ။ သုံးကြတယ်။မြေဩဇာကြောင့်လည်း အပင်တွေမဖြစ်တာတွေရှိကြတယ်။ စိုက်ပျိုးရေးသမားမှာတော့ အမျိုးမျိုးဒုက္ခခံရတာပါပဲ။”
“မနှစ်က ငရုတ်ထွက်နှုန်းဆိုရင် ဈေးမကောင်းခဲ့ရင်တောင် အသီးကဆွတ်လို့ရောင်ရရင်လည်း လည်ပတ်မှုတွေရှိတ ယ်။ဒီနှစ်က ပိုက်ဆံအရင်းဝင်သွားတဲ့သူတွေများတယ်။တလုံးမှ မဆွတ်ရသေးဘူး။အပင်တွေ ပျက်စီးတယ်။ သေတယ်။ နောက်တပင်ကို ငါးရာ၊ ခြောက်ရာနဲ့ဝယ်ပြီးတော့ အစားထိုးရတယ်။အဲဒီလိုအမျိုးမျိုး ဒုက္ခခံရတယ် စိုက်ခင်းသမားတွေလည်း။”
“အဓိကတော့ စိုက်ပျိုးရေးသမားမှာ လိုတာက မြေဆီ၊ မြေဩဇာတွေလိုတယ်။ ပိုးသတ်ဆေးတွေလိုတယ်။စိုးပျိုးမယ့်နည်းတွေ၊ နည်းလမ်းကျကျလေးတွေ လိုချင်တယ်။ အဲဒီလိုဆိုရင် စိုက်ပျိုးရေးသမားတွေပိုပြီး အဆင်ပြေလားမယ်လို့ ထင်ပါတယ်။”
“ငရုတ်ခင်းနဲ့ပတ်သတ်ပြီးတော့ စိုက် ပျိုးရေးသမားကတော့ ဒုက္ခခံရတယ်။ တနှစ်တလေ မဖြစ်ထွန်းဘူးဆိုရင်လ ည်း ဆုံရှုံးမှုတွေ ရှိသွားတတ်တယ်။နှစ် စဉ်ကတော့ ဒီအလုပ်ကို ရိုးရိုးစိုက်စိုက်လုပ်စားလာကြတာပါ။ဒီငရုတ်စိုက်ပျိုး ရေးကို မှီခိုပြီးတော့ စားသောက်လာတာပါပဲ။အဓိကကတော့ မြေဆီ၊မြေဩဇာ၊ပိုးသတ်ဆေးတွေ၊ စိုက်မယ့်နည်း စနစ်တွေ အဲဒါတွေကို ပြစေချင်တယ်။ အကူအညီအထောက်အပံ့ ပေးစေချင်တယ်။”
“ဒီနှစ်တော့ ဈေးနှုန်းကတော့ မပြောတတ်သေးဘူး။အရင်နှစ်တွေကတပိ ဿာကို နှစ်ထောင်ထိဖြစ်ခဲ့တယ်။ စိုက်ခင်းသမားတွေ တော်တော်ဆုံးရှုံးမှုတွေရှိသွားပါတယ်။ ကုန်းဈေးတွေကိုလည်း နည်းနည်းလောက်တော့ မြှင့်စေချင်ပါတယ်။ အဓိကကုန်ဈေးနှုန်းပါပဲ။ စိုက်ပျိုးရေးသမားမှာ ကုန်ဈေးနှုန်းမြင့်မှ စိုက်တဲ့သူတွေမှာလည်းအကျိုးခံစား ခွင့်တွေရှိတာပါ။”