Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အင်တာဗျူး အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

“မုဒိမ်းမှုတွေကို ဥပဒေအရတော့ ထိရောက်ဟန့်တားနိုင်အောင် ပြစ်မူပြစ် ဒဏ်တွေကို ပေးသင့်တယ်။”

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊ မေ ၁၀။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေအပါအဝင် အတင်းအဓမ္မပြုကျင့်သတ်ဖြတ်မှုတချို့ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအထဲမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့လည်းပါဝင်ခဲ့သလို့ အရပ် သားတွေ ကျူးလွန်တာတွေရှိနေပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေဖော်ဆောင်နေပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံမှုတွေ၊တရားဥပဒေစိုးမိုးမှုတွေရှိအောင် ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက သက်ငယ်မုဒိန်းမှု၊ အဓမ္မပြုကျင့်လူသတ်မှုတွေအကြောင်းကို ရှေ့နေအမျိုးသမီးတဦးက ခုလိုပြောပြထားပါတယ်။

“မုဒိမ်းမှုတွေကို ဥပဒေအရတော့ ထိရောက်ဟန့်တားနိုင်အောင် ပြစ်မူပြစ်ဒဏ်တွေကို ပေးသင့်တယ်။​အခုလက်ရှိမှာလည်း ဥပဒေမှာ မုဒိမ်းမှုဆို ထောင်ဒဏ်ဘယ်လောက် ဆိုပြီးတော့ အတိအကျရှိတာပေါ့နော်။ မုဒိမ်းမှုကျူး လွန်သူကို သက်သေခိုင်မာရင် ပြင်းထန်တဲ့ အရေးယူမှုလုပ်သင့်တယ်။​ မုဒိမ်းမှုတွေကို တခါတလေမှာ လူအခွင့်အရေးတွေနဲ့ တိုင်းတာပြီးတော့ ထောင်ဒဏ် နှစ် ၂၀ ပေးတာပေါ့။ နှစ် ၂၀ ဆိုရင် လူတယောက်ရဲ့ အကျင့်စာရိတ္တကို ကော င်းကောင်းပြုပြင်နိုင်တယ်။ နောက်ထပ်ပြစ်မှုတွေ မကျုးလွန်အောင် သွန်သင်နိုင်တယ်ဆိုပြီး ဥပဒေက သတ်မှတ်တာပေါ့နော်။ဒါပေမယ့်လည်း သက်ငယ်မု ဒိမ်းမှုတွေ၊ မုဒိမ်းမှုတွေ ကျုးလွန်သူတွေက လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတာတွေရှိတယ်။ ဒီလိုလွတ်လာတဲ့အခါ မုဒိမ်းမှုကျုးလွန်သူရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲလိုက်ပြီလားဆိုတာမေးစရာရှိတယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံထဲမှာ ပြစ်မှုကျုးလွန်သူတွေကို စိတ်ပိုင်းဆိုင်ရာပြောင်းလဲဖို့ ကုစားဖို့ အစီအစဉ်တွေလည်းမရှိနေသေးဘူး။ ဒီလိုပြစ်မှုကျုးလွန်တဲ့ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ မလုပ်ပဲ လူ့အဖွဲ့ အစည်းထဲကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်လိုက်တဲ့အခါ သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအဆင်ပြေပြီလားဆိုတာ စဉ်းစားစရာဖြစ်တယ်။

မုဒိမ်းမှုကို ကိုင်တွယ်တဲ့အခါ လူ့အခွင်အရေးအရ အကာအကွယ်ပေးဖို့ ပြောနေကြတာတွေရှိတယ်။ လူ့အခွင့်အရေးထဲမှာကို ကလေးသူငယ်အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေးတွေရှိတယ်။ သက်ငယ်မုဒိမ်းမှုနဲ့ မုဒိမ်းမှုကျုးလွန်သူတွေဟာ အမျိုးသမီးအခွင့်အရေး၊က လေးသူငယ်အခွင့်အရေးကို မလေးစားကြဘဲ ချိုးဖောက်သူတွေဖြစ်ကြတယ်။ ဒီလိုမုဒိမ်းမှုတွေကို လျော့နည်းအောင်လုပ်ဖို့ဆို လူတိုင်းက ဥပဒေအသိအမြင်တွေရှိဖို့လိုပါတယ်။​အကြမ်းဖက်ချင်တဲ့ စိတ်ဓာတ်ရှိသူတွေကို ဥပဒေပိုင်းဆိုင် ရာအမြင်တွေ ဖွင့်ပေးဖို့လိုတယ်။ဆိုရှ ယ်မီဒီယာတွေကို အကျိုးရှိရှိသုံးပြီးတော့လည်း ဥပဒေအတွေးအမြင်တွေကို မျှဝေလို့ရပါတယ်။မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားမှုတွေကလ ည်း အကြမ်းဖက်ဖို့အတွက်တွန်းအားတခုဖြစ်နေတော့ ရှိပါတယ်။ လိင်အသိပညာပေးလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့လုပ်ဖို့လိုအပ်ပါတယ်။

မုဒိမ်းမှုဆိုတာက ဘယ်လိုမှ လက်ခံလို့မရတဲ့ စက်ဆုတ်ရွံစရာပြစ်မှုတခုဖြစ်ပြီးတော့ တဒင်္ဂဖြစ်လာတဲ့ စိတ်ကိုထိန်းမရပဲ လုပ်တာဖြစ်တယ်။ တချို့တွေက တော့ ကြိုတင်ကြံရွယ်ပြီးတော့ ပြုလုပ်ကြတာတွေလည်းရှိတယ်။အကြမ်းဖ က်ချင်တဲ့သူက တမင်ကြံရည်ပြီးတော့ လုပ်တာဖြစ်တယ်။အထူးသဖြင့် က လေးသူငယ်တွေအပေါ် ဒီလိုကျုးလွန်ရင် ဘယ်လိုမှ လက်ခံလို့မရဘူး။​က လေးသူငယ်မုဒိမ်းမှုတွေကို နောက်ထပ်ဖြစ်မလာအောင် ဟန့်တားတဲ့အနေနဲ့ ကျုးလွန်သူတွေကို သေဒဏ်ပေးထိုက်တယ်။ တဖက်မှာလည်း လူ့အခွင့်အရေးဖက်ကနေ သေဒဏ်မပေးသင့်ဘူးဆိုတဲ့ အမြင်တွေရှိတယ်။ ​လူအခွင့်အရေးနဲ့ တိုင်းတာရမယ်လို့ပြောရင် ဒီကျူးလွန်သူတွေက လူ့အခွင့်အရေးကို မစဥ်းစားကြလို့ပဲ ကျုးလွန်ကြတာလေ။ နောက်ထပ်ဒီလို ဖြစ်မလာအောင် သေဒဏ်ပေးထိုက်တယ်။

ဥပဒေဖက်ကကြည့်ပြန်ရင်လည်း ကျုးလွန်သူတွေကို သေဒဏ်ပေးတာက လူ သတ်မုဒိမ်းမှုတွေ ပိုတိုးလာနိုင်စေတ ယ်။​မုဒိမ်းမှုဖြစ်ရင် လူသတ်ပြီးတော့ ပြစ်မှုကျုးလွန်တဲ့ အချက်အပေါ်မှာလ ည်း ကျွန်မတို့ ထည့်သွင်းစဉ်းစားရမယ်။ ဒီလိုအမှုတွေ ဖြစ်မလာအောင် ပြ ည်သူတွေကို စိတ်ပိုင်းဆိုင်ရာတွေကို ပြောင်းလဲလာမှပဲ ဖြစ်လာမယ်။မုဒိမ်း မှုတွေကိုတော့ ဥပဒေအရ ပြင်းထန်စွာတားမြစ်ထားတယ် ဒ်ီလိုအသိတွေကို လူတိုင်းမှာရှိဖို့လိုတယ်။ကျွန်မအမြင်နဲ့ ပြောရရင် သေဒဏ်ပေးတာကတော့ ဥပဒေအရတားဆီးဖို့ ထိရောက်မှာတော့မဟုတ်ဘူး။လူတွေရဲ့ သဘော သဘာဝက မလုပ်နဲ့ဆိုရင် လုပ်ချင်တဲ့သဘောသဘာဝရှိတော့ သေဒဏ်ပေးတာကထိရောက်မှာ မဟုတ်ဘူး။အခုဥပဒေအရလည်း အမြင့်ဆုံးပြစ်ဒဏ် နှစ် ၂၀ ပေးတာကလည်း လုံလောက်မှုရှိတယ်။တဖက်မှာလည်း လွတ်ငြိမ်းချမ်းသာတွေနဲ့ ၃ နှစ် ၄နှစ်ဆို လွတ်လာတာတွေက ကျွန်မအနေနဲ့ လက်ခံလို့မရဘူး။ ထောင်ကျနေစဉ်အတွင်းမှာလည်း စိတ်ပိုင်းဆိုင်ရာတွေကို ပြုပြင်တာတွေမရှိတာကြောင့် ဒီလိုပြုပြင်ဖို့ နည်းစနစ်တွေရှိဖို့လိုတယ်။ ဒီကဏ္ဍတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့တော့ လိုပါတတ ယ်။သေဒဏ်ပေးတာကတော့ လူသတ်မှုကို ပိုတိုးလာစေတယ်လို့ပဲ ကျွန်မက မြင်ပါတယ်။​

မုဒိမ်းမှုတွေကို ဥပဒေအရကိုင်တွယ်တဲ့အခါမှာ ထိရောက်စွာကိုင်တွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကျုးလွန်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲဖို့အလွန်အရေးကြီးပါတယ်။ ကျုးလွန်ခံရသူတွေကိုလည်း ပတ်ဝန်းကျင်ကနေ အပြစ်တင်တာတို့ ဖယ်ကျဉ်တာတို့မလုပ်ပဲ နွေးထွေးစွာနဲ့ကြိုဆိုသင့်ပါတယ်။ လူထုကိုလည်း အမျိုးသမီးတွေကို လေးစားတန်ဖိုးထားဖို့ အငယ်ကနေ သင်ကြားပေးမှုတွေ ရှိဖို့လိုအပ်ပါတယ်။”

PrevPreviousစင်ကာပူနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်
Next“စုံလင်ကွဲပြားမှုတွေကြားက အာရက္ခလူသား”Next
Previous Post

စင်ကာပူနိုင်ငံ၏နိုင်ငံတည်ဆောက်ရေးဖြစ်စဉ်

Next Post

“စုံလင်ကွဲပြားမှုတွေကြားက အာရက္ခလူသား”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒက်စတိုပီယန်းဘဝတွေ – ၁၀

September 11, 2026

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

September 11, 2026
ဓာတ်ပုံ - APM

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

September 11, 2026

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

လောင်းလုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးတဦးသေဆုံး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ တွေ့

အယုဒ္ဓယဘုန်းကြီးဟောင်းဆီမှ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်း

Releated Post

သက္ကမလူငယ်စစ်မှုထမ်းအသက်မပြည့်သေးသူတွေကို ပြန်လွတ်ပေးဖို့ မိဘတွေတောင်းဆို

September 11, 2026
ဓာတ်ပုံ - APM

ကျိန္တလီကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း

ကျောက်ဆိပ်ရွာကို အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးသေဆုံး

September 11, 2026
ဓာတ်ပုံ - SBF

လောင်းလုံးကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရလို့ ဗိုလ်မှူးကြီးတဦးသေဆုံး

September 11, 2026

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံတော်အကြီးအကဲ တွေ့

September 11, 2026
ဓာတ်ပုံ - ထိုင်းသတင်းတွေ

အယုဒ္ဓယဘုန်းကြီးဟောင်းဆီမှ ဘတ်သန်း ၂၀၀ ကျော်တန်ဖိုးရှိပစ္စည်းတွေ သိမ်းဆည်း

September 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page